ဆီးရီးယား တိုက်ခိုက်မှု ဖြစ်စဉ်

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီ၊ ဆော်ဒီ၊ ကာတာ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ အစ္စရေး လေကြောင်းတိုက်ခိုက်တာကို ထောက်ခံ
၁၁:၃၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၈:ဝဝ

လေကြောင်းတိုက်ခိုက်တာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာလို့ တရုတ် ကန့်ကွက်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဂရုမစိုက်ပဲ စစ်ရေး အင်အား အသုံးပြုတာဟာ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံနဲ့ စံနှုန်းတွေကို ချိုးဖောက်တာ ဖြစ်ပြီး ဒါကို တရုတ်နိုင်ငံ အနေနဲ့ အစဉ်တစိုက် ဆန့်ကျင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ရင်းက ပြောဆိုခဲ့ပါတယ်။

-ဆီးရီးယားအပေါ် တိုက်ခိုက်မှုကို ထောက်ခံတဲ့ နိုင်ငံများ

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီ၊ ဆော်ဒီ၊ ကာတာ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ အစ္စရေး

-ဆီးရီးယားအပေါ် တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ နိုင်ငံများ

ဆီးရီးယား၊ ရုရှား၊ အီရန်၊ တရုတ်

ဒူမာမြို့က တိုက်ခိုက်မှုကို အနောက်နိုင်ငံတွေက ဇာတ်လမ်းဆင်တာ လို့လည်း ရုရှားက အစောပိုင်းမှာ ပြော
    ၁၁:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၇:၃၀

နိုင်ငံတကာ ဓာတုလက်နက် တားဆီးရေး အဖွဲ့က စီစဉ်ထားတဲ့အတိုင်း ဒူမာမြို့မှာ ဧပြီလ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ ဓာတုလက်နက် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား၊ အီရန်နဲ့ ဆီးရီးယားတို့ကတော့ အဲဒီ အဖွဲ့ မစစ်ဆေးခင်မှာ တိုက်ခိုက်မှုဟာ စစ်ဆေးမှု အနှောက်အယှက်ဖြစ်အောင် တမင် စီစဉ်တာလို့ ပြောဆိုထားပါတယ်။

အဲဒီ ဒူမာမြို့က တိုက်ခိုက်မှုကို အနောက်နိုင်ငံတွေက ဇာတ်လမ်းဆင်တာ လို့လည်း ရုရှားက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဓာတုလက်နက်တွေ အသုံးပြုမှုဟာ ဖြစ်နေကျ ပုံစံဆိုတဲ့ အခြေအနေမျိုး ရောက်မလာအောင် လုပ်ဖို့က UK ရဲ့ အကျိုးစီးပွား ဖြစ်
    ၁၀:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၆:၃၀

ဆီးရီးယားကို စစ်ရေး တိုက်ခိုက်လိုက်တာဟာ ဓာတုလက်နက်တွေကို အပြစ်ပေး မခံရပဲ သုံးလို့ရမယ်လို့ ယူဆသူတွေကို သတိပေး အချက်ပြလိုက်တာပဲလို့ UK ဝန်ကြီးချုပ် ထရီစာ မေက ပြောကြားလိုက်ပါတယ်။

အခုလို ဓာတုလက်နက်တွေ အသုံးပြုမှုဟာ ဖြစ်နေကျ ပုံစံဆိုတဲ့ အခြေအနေမျိုး ရောက်မလာအောင် လုပ်ဖို့က UK ရဲ့ အကျိုးစီးပွား ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရဲ မာခွန်းကလည်း ဓာတုလက်နက်တွေ သုံးတာဟာ ပြင်သစ်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်သွားပြီလို့ ပြောဆိုခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်ကလည်း ဆီးရီးယားကို စစ်ရေး တိုက်ခိုက်မှု လိုအပ်ကြောင်း ထောက်ခံခဲ့ပြီး မျှတတဲ့ တုံ့ပြန် အပြစ်ပေးမှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုတန် ဘာ့ဂ် ကလည်း ဒီတိုက်ခိုက်မှုကို ထောက်ခံခဲ့ပြီး ဓာတုလက်နက် သုံးတာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာလို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတော့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလောရင့် ပါလီက သူတို့ တိုက်ခိုက်မှု မလုပ်ခင် ရုရှားကို အသိပေးခဲ့ပြီး ထိပ်တိုက် တွေ့ချင်တဲ့ သဘောထားနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

    ၀၉:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၅:၃၀

ဆီးရီးယား အစိုးရ ထောက်ခံတဲ့ Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဟွန်းမ်စ် မြို့ပြင် တနေရာမှာ ဒီပုံတွေကို ရိုက်ယူထားတာလို့ အဲဒီ သတင်းဌာနက ပြောပါတယ်။

 Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ

 Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ

 Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ

    ၀၈:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၄:၃၀

ဆီးရီးယားကို အမေရိကန်၊ ဗြိတိန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ တိုက်ခိုက်မှုဟာ ကျူးကျော်တာလို့ ရုရှား သမ္မတ ပူတင်က ပြောဆိုလိုက်ပြီး ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဒါအပြင် ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီး Gavin Williamson ကတော့ ဆီးရီးယားကို ဗြိတိန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုက အောင်မြင်သလို ပါဝင်တိုက်ခိုက်တဲ့ လေယာဉ်မှူး ၄ ဦးလုံး ဗြိတိန်ကို လုံလုံခြုံခြုံ ပြန်ရောက်လာတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်း
    ၀၅:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၁:၃၀

ဆီးရီးယားကလည်း ဒီတိုက်ခိုက်မှုကို တရားမဝင်တဲ့ တိုက်ခိုက်မှု တခုလို့ တုံ့ပြန်ုလိုက်ပြီး မြို့တော် Damascusမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

Homsမြို့အနီးမှာ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆီးရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါအပြင် ဆီးရီးယား အာဆတ် အစိုးရကို ထောက်ခံတဲ့သူတွေကိုလည်း ဆီးရီးယား ရုပ်သံကနေ ပြသခဲ့ပါတယ်။
ဆီးရီးယား အာဆတ် အစိုးရကို ထောက်ခံတဲ့သူတွေကိုလည်း ဆီးရီးယား ရုပ်သံကနေ ပြသခဲ့
 ၀၃:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ဝ၉:၃၀

-ဒမတ်စကက်မြို့မှာ ပေါက်ကွဲသံ ၆ ကြိမ် ကြားရတယ်လို့ ဒေသခံ တဦးက ရိုက်တာ သတင်းဌာနကို ပြော

-နောက်တဦးကတော့ မြောက်ပိုင်း ဘာဇား ဒေသကို ထိခဲ့တယ်လို့ ပြော

-ဘာဇားဒေသမှာ ဆီးရီးယား အစိုးရရဲ့ သိပ္ပံ လေ့လာမှုနဲ့ သုတေသန ဗဟို အဆောက်အအုံ ရှိပြီး အဲဒီ နေရာမှာ ဓာတုလက်နက်တွေ ထားတယ်လို့ အနောက်နိုင်ငံက ထောက်လှမ်းရေးတွေက ယူဆ
ဒမတ်စကက်မြို့မှာ ပေါက်ကွဲသံ ၆ ကြိမ် ကြားရ
၀၂:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ဝ၈:၃၀

-ဧပြီလ ၇ ရက်နေ့ ဒူမာမြို့က ဓာတုလက်နက် တိုက်ခိုက်မှုကို အပြစ်ပေး တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ယူကေတို့က ဆီးရီးယား အစိုးရဌာနပိုင် အဆောက်အအုံတွေကို ဒုံးကျည်နဲ့ စတင် ပစ်ခတ်ကြောင်း ကြေညာ

-ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပြော

-ဆီးရီးယားမြို့တော် ဒမတ်စကက်မှာ ပေါက်ကွဲသံတွေ ကြားရ
ဆီးရီးယား စစ်မြေပြင်

ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား

အမေရိကန်၊ ပြင်သစ်နဲ့ ယူကေတို့က ဆီးရီးယား အစိုးရဌာနပိုင် အဆောက်အအုံတွေကို ဒုံးကျည်နဲ့ စတင် ပစ်ခတ် 

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယား တိုက်ခိုက်မှု ဖြစ်စဉ် ဆီးရီးယား တိုက်ခိုက်မှု ဖြစ်စဉ် Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.