သတင်းစာဆရာ ဦးစိန်ကျော်လှိုင် ကွယ်လွန်



Share/Bookmark
သတင်းစာဆရာ ဦးစိန်ကျော်လှိုင်
BBC နဲ့ RFA သတင်းထောက်ဟောင်းဖြစ်သူ ဦးစိန်ကျော်လှိုင်ဟာ (၂၉.၄.၂၀၁၈.) တနင်္ဂနွေ မှာ သူ့ဇာတိရွာ တောင်သာမြိုနယ်၊ ဝဲလောင်ရွာသစ်မှာ ကွယ်လွန်သွားတယ်လို့ သူငယ်ချင်းဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးသိန်းညွှန့်ဝင်း က ဗွီအိုအေကို ပြောပါတယ်။

ဦးစိန်ကျော်လှိုင်ဟာ အင်ဂျင်နီယာဘွဲ့ရပြီးတဲ့နောက် စလေဓာတ်မြေသြဇာစက်ရုံ (ရေနံဓာတုကော်ပိုရေးရှင်း) မှာ လုပ်ကိုင်ခဲ့သလို ဆက်သွယ်ရေးအရာရှိအဖြစ် ရန်ကုန်ဗြိတိသျှသံရုံးမှာ၊ နောက် ဗြိတိန်အခြေစိုက် BBC သတင်းဌာနနဲ့ အမေရိကန် အခြေစိုက် RFA သတင်းဌာနတွေမှာ လုပ်ဆောင်ခဲ့သူပါ။

မကွယ်လွန်ခင်က ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ ကရင်ပြည်နယ်၊ ဖားအံဒေသတွင်း တိုးတက်ရေး လေ့လာဆန်းစစ်မှုတွေအတွက် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဖခင်ရဲမှုးဦးသာလှိုင် မိခင်ဒေါ်ထွေးစိန်တို့ရဲ့ သားဖြစ်သူ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးစိန်ကျော်လှိုင်မှာ ညီအကိုမောင်နှမ ၇ ယောက်ရှိပါတယ်။ တနင်္ဂနွေမှာကွယ်လွန်ခဲ့တဲ့ သူ့ကို သူ့ဇာတိချက်မြုပ် ဝဲလောင်က ဆည်ရွာသုဿန်မှာ တနင်္လာနေ့မှာပဲ မြေမြှုပ်သဂြိုလ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ