ရိုဟင်ဂျာတွေအတင်းကြပ်ပြန်မပို့ရေး ဘင်္ဂလားဒေ့်ရှ်နဲ့ ကုလသဘောတူလက်မှတ်ထိုး


ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာနဲ့ ဆန္ဒအလျောက် ပြန်နိုင်ရေး အတွက် ၂ ဖက် သဘောတူ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ MOU တရပ်ကို ဧပြီ ၁၃ ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ သဘောတူ လက်မှတ်ရေး ထိုးလိုက်ပါတယ်။

ဒီ MOU ကို UNHCR က ဖိလစ်ပို ဂရန်ဒီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟစ်ဒူ ဟတ်တို့ လက်မှတ်ရေးထိုးတာဖြစ်ပြီး ဒီသဘောတူချက်ဟာ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်း ခန့့် မြန်မာပြည် ပြန်လည်နေရာ ချထားရေးကိစ္စမှာ အကျူံးဝင်မှာဖြစ်ပါတယ်။

ဒီMOU ကို မြန်မာနိုင်ငံပါ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ UNHCR အနေနဲ့ ကြိုးပမ်းနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ်အထိ မြန်မာနိုင်ငံဖက်က အခြေအနေတွေဟာ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်နိုင်တဲ့ အခြေအနေမရောက်သေးကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက UNHCR အရာရှိတဦးက ပြောကြားထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ