မြိတ်တွင် ငါးဖမ်းပိုက်လှေမှ မီးလောင်မှုဖြစ်ပွား


16.4.2018

မြိတ်မြို့ ၊ အိုးလုပ်ပြင်ရပ်ကွက် ၊ငါးဖမ်းလှေရပ်နားသည့်နေရာတွင် ဧပြီလ ၁၆ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က ငါးဖမ်းပိုက်လှေမီးလောင်မှုဖြစ်ပွားကြောင်း သိရပါတယ်။

"ရန်နိုင်မင်း"ငါးဖမ်းပိုက်လှေမှ စတင်လောင်ကျွမ်းသည့်မီးကြောင့် နံဘေးကပ်လျှက် ရပ်နားထားသည့် "မြတ်နိုးခင်"ငါးဖမ်းပိုက်လှေ အားကူးစက်လောက်ကျွမ်းသွားကြောင်းသိရပါတယ်။

မီးလောင်ရသည့်အကြောင်းရင်းအား တာဝန်ရှိသူများစစ်ဆေးနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
မြိတ်တွင် ငါးဖမ်းပိုက်လှေမှ မီးလောင်မှုဖြစ်ပွား မြိတ်တွင် ငါးဖမ်းပိုက်လှေမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.