နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

25.4.2018(ကျောက်မဲ) မနက် ၂ နာရီကတည်းက ကွမ်ဟယ် လက်ဖက်စက်ရုံ မီးလောင်နေတယ်။ ဓါတ်ပုံ - မန်စုံ ဆရာတော်
ဧပြီလ ၂၅

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာရှိ ဦးဝင်းရွှေ (ကိုးကန့်ပလောင်) ပိုင်ဆိုင်သော ရွှေမြင့်ဘရားသား လက်ဖက်(အချိုခြောက်)စက်ရုံတွင် ဧပြီလ(၂၅)ရက်နေ့ နံနက်(၂)နာရီ အချိန်ခန့်မှ စ၍မီးလောင်ကျွမ်းခဲ့ပါသည်။


ဖြစ်စဉ်မှာ လက်ဖက်ခြောက်ပြုလုပ်သော စက်ခေါင်းတိုင်မှတဆင့် မီးဖွားများ လက်ဖက် ခြောက်များပေါ်သို့ကျကာ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး၊ အဆိုပါ မီးလောင်ရာသို့ မီးသတ်ယာဉ်(၂)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီ ၂၀ မိနစ် တွင် မီးညွန့်ကျိုးကာ နံနက်၅ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် (၈၀ × ၈၀) ပေ၊ တစ်ထပ်၊ သွပ်မိုး၊ သွပ်ကာ၊ တမံတလင်းခင်း အချိုခြောက်စက်ရုံ အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း(၈၀)ခန့် ရှိပါသည်။

ယင်းမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးလောင်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေသဦးစီးအဖွဲ့မှတာဝန်ရှိသူများနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့များမှ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက် ရှိကြောင်း သိရှိရပါသည်။

ကျောက်မဲခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.