အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စီးနင်းတဲ့ ရဟတ်ယာဉ် လေပေါ်အတက်မှာ ပြုတ်ကျ

ပုံစာ-ဗိုလ်ချုပ်အောင်ဇော်အေးကို မြင်တွေ့ရစဉ်
နေပြည်တော်၊ ဧပြီ ၂၆

တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်ကနေ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ် အဖြစ်ပြောင်းရွှေ့တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အောင်ဇော်အေးဟာ ယမန်နေ့ (ဧပြီ ၂၅) ရက်နေ့က ရဟတ်ယာဉ်ပြုတ်ကျမှုဖြစ်ပွားခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ တပ်မတော်အသိုင်းအ၀ိုင်းကနေသိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်အကြားနမ့်ဖတ်ကာခွင်ထဲမှာ ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

တိုင်းမှူးအသစ်အနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေးဖို့အသွား ရဟတ်ယာဉ်အတက်မှာ အခုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။

ရဟတ်ယာဉ်ပျံတက်စဉ် အမြင့်ပေ ၃၀ကျော်အရောက်မှာ ရဟတ်ယာဉ်ပြုက်ကျခဲ့တာဖြစ်တဲ့အတွက် တိုင်းမှူးရော လိုက်ပါလာသူတွေရော ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ရဟတ်ယာဉ်ကတော့ အမြှီးပိုင်းသာထိသွားတယ်လို့ သိရပါတယ်

Popular News Journal
https://www.facebook.com/popularnewsjournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ