အမေရိကန်နိုင်ငံ တွင် အကျဉ်းထောင်ဆူပူမှုကြောင့် ထောင်သား ၇ဦးသေ၊ ၁၇ဦးဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် Bishopville မြို့ရှိ Lee ထိန်းသိမ်းရေးစခန်းအား ဝေဟင်မှတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဝါရှင်တန်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ရှိ တောင်ကယ်ရိုလိုင်းနားပြည်နယ် တွင် ဖြစ်ပွားခဲ့သော အကျဉ်းထောင်ဆူပူမှုတစ်ခုကြောင့် အကျဉ်းသား ၇ဦးသေဆုံးပြီး အနည်းဆုံး လူ၁၇ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ဧပြီ ၁၆ရက်တွင်ပြောကြားခဲ့သည်။

Bishopville မြို့ရှိ Lee ထိန်းသိမ်းရေးစခန်း၌ ဧပြီ ၁၅ရက် ဒေသစံတော်ချိန် ည ၇း၁၅နာရီတွင် အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၆ ရက် နံနက် ၃နာရီတွင် အခြေအနေအား ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း တောင်ကယ်ရိုလိုင်းနားအကျဉ်းဌာန (SCDC) က ၎င်း၏ Facebook စာမျက်နှာပေါ်၌ရေးသားခဲ့သည်။

အကျဉ်းထောင်အရာရှိ တစ်ဦးမျှဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။ဌာန က အကျဉ်းထောင်ဆူပူမှုတွင် အကျဉ်းထောင်ခန်း ၃ခုမှ အကျဉ်းသားများစွာပါဝင်ကြောင်း ပြောကြားခဲ့သည်။ဌာနမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တောင်ကယ်ရိုလိုင်းနား တရားဥပဒေစိုးမိုးရေးဌာနခွဲ မှ ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။အဆိုပါ အကျဉ်းထောင်အား လွန်ခဲ့သည့် ၂၅နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အကျဉ်းသား ၁,၇၀၀ဦးကို ထိန်းသိမ်းထားကာ ယခင်ကလည်း အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် လူသေဆုံးမှု ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အမေရိကန်နိုင်ငံ တွင် အကျဉ်းထောင်ဆူပူမှုကြောင့် ထောင်သား ၇ဦးသေ၊ ၁၇ဦးဒဏ်ရာရရှိ အမေရိကန်နိုင်ငံ တွင် အကျဉ်းထောင်ဆူပူမှုကြောင့် ထောင်သား ၇ဦးသေ၊ ၁၇ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.