မော်တော်ယာဉ် တစ်စီးမီးလောင်၍ သုံးနှစ်ခွဲကလေးသေဆုံး


ဗန်းမော် ဧပြီ ၉

ဗန်းမော်မြို့နယ်အတွင်း ဧပြီလ ၈ ရက်နေ့ ယမန် နေ့က ကလေးငယ်တစ်ဦးတည်း မော်တော်ယာဉ်အတွင်းထားရှိစဉ် မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွား ၍သုံးနှစ်ခွဲကလေးငယ်တစ်ဦး သေ ဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၆ နာရီခွဲက ဗန်းမော်မြို့ စီဟဲကျေးရွာ နေ ဦးကျော်ရွှေ (၅၃နှစ်) ၏ နေအိမ်ရှေ့၌ ၄င်းပိုင်ဆိုင်သည့် 9B/---- ပါဂျဲရိုးအမျိုးအစားယာဉ် အား ရပ်တန့်ထားစဉ် ဦးကျော် ရွှေ၏မြေး မသွန်းရတနာဦးသုံး နှစ်ခွဲသည် ယာဉ်ပေါ်သို့တက် ရောက်၍ ယာဉ်၏ရှေ့ခန်းရှိ ဝိုင် ယာကြိုးများအား ဆော့ကစားနေ စဉ် ဝါယာရှောခ့်ဖြစ်၍ မော်တော် ယာဉ်ရှေ့ခန်း မီးလောင်ကျွမ်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပြီး ည ၆နာရီ မိနစ်၎ဝတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် မသွန်းရတနာ ဦးသုံးနှစ်ခွဲမှာသေဆုံးသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် မသွန်းရတနာ ဦး သေဆုံးမှုအပေါ်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင် ရန် ဗန်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၆/ ၂ဝ၁၈)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိ ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
မော်တော်ယာဉ် တစ်စီးမီးလောင်၍ သုံးနှစ်ခွဲကလေးသေဆုံး မော်တော်ယာဉ် တစ်စီးမီးလောင်၍ သုံးနှစ်ခွဲကလေးသေဆုံး Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.