ထိန်ပင်မီးကြောင့်လှိုင်သာယာကပြည်သူအချို့ဆေးရုံရောက်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုဿန်အမှိုက်ပုံ မီးလောင်နေမှုကြောင့် မီးခိုးညှော်နှံ့များကို လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်ရှုရိုက်နေရပြီး တချို့မှာဆေးရုံသို့တင်လိုက်ရသည့်အထိ ဖြစ်ပွားနေကြောင်း လှိုင်သာယာမြို့နယ် ၂၀ရပ်ကွက်နေ ဦးကြည်ဝင်းက ပြောသည်။

"လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်လို့ ထွက်တဲ့ မီးခိုးငွေ့တွေကြောင့် ၂၀ရပ်ကွက် ကျွန်တော့်အိမ်နားတဝိုက်က လူ ၁၀ယောက်လောက် ဆေးရုံကားနဲ့ ဆေးရုံတင်လိုက်ရတယ်"ဟု ၄င်းကပြောသည်။

ယင်းအမိုက်ပုံမှာ ဧပြီလ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရေသယ်ယာဉ်ရှိသော မီးသတ်စခန်းများမှ ရေသယ် ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဌာနချုပ်ယာဉ်အုပ်စု၊ နာကူရေသယ်ယာဉ်များ၊ စမ်းချောင်းမီးသတ်စခန်း မှ ရေသယ်ယာဉ်၊ မီးသတ်ယာဉ်များ သွားရောက်မီးငြိမ်းသတ်နေသော်လည်း ယနေ့(ဧပြီလ ၂၃ ရက်)၊ အထိ ငြှိမ်းသတ်နေရခြင်းဖြစ်ရာ မီးခိုးငွေ့များလည်း ထွက်ရှိနေဆဲဖြစ်သည်။

"ကျွန်တော်တို့ရပ်ကွက်တင်မက ထိန်ပင်အမှိုက်ပုံနားက ရပ်ကွက်တွေအခြေအနေလည်း သိပ်မကောင်းဘူးလို့ ကြားရတယ်"ဟု ဦးကြည်ဝင်းက ဆက်လက်ပြောသည်။

အဆိုပါ မီးခိုးညှော်နှံ့များသည် လေလမ်းကြောင်းအတိုင်းမြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဆရာသိန်း
The Public Image
ထိန်ပင်မီးကြောင့်လှိုင်သာယာကပြည်သူအချို့ဆေးရုံရောက် ထိန်ပင်မီးကြောင့်လှိုင်သာယာကပြည်သူအချို့ဆေးရုံရောက် Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.