မြန်မာပြည်သွားမယ့် ဗြိတိန်ဘောလုံးအသင်း ကန့်ကွက်ခံရ


ဗြိတိသျှ ဘောလုံးကလပ်အသင်းတခုဖြစ်တဲ့ Leeds အသင်းက မြန်မာနိုင်ငံကို ရှေ့လအတွင်း သွားရောက်ကစားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒီအသင်းဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြန်မာ့လက်ရွေးစင်အသင်းအပြင်၊ ညွှန်ပေါင်းလက်ရွေးစင်အသင်းနဲ့လည်း ကစားမှာဖြစ်ပါတယ်။

Leeds အသင်းဟာ ၂၀၀၁ ခုနှစ်က ဒုတိယတန်းအဆင့် Champion League ပွဲမှာ အကြိုဗိုလ်လုပွဲအထိတက်ရောက်နိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဒီအသင်းဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အစီအစဉ်နဲ့ ခလေးငယ်တွေအတွက်လည်း သင်တန်းပို့ချပေးမယ်လို့ ဆိုပါတယ်။

အခုလိုLeeds အသင်းမြန်မာနိုင်ငံကိုသွားရောက်မယ်ဆိုတဲ့ သတင်းကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့မြန်မာနိုင်ငံကို သွားတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI ကကန့်ကွက်လိုက်ပါတယ်။ ဒီအသင်းရဲ့ ရွေးချယ်မှုဟာ မှားနေပါတယ်လို့ AI အဖွဲ့ ဗြိတိန်နိုင်ငံဒါရိုက်တာ Kate Allen ကပြောပါတယ်။

ဒါပေမဲ့ Leeds အသင်းပိုင်ရှင် Andres Radrizzani ကပြောတာကတော့ မြန်မာပြည်ကို မသွားရဘူး ဆိုတာ မှားနေတဲ့အတွေးအခေါ်ပါ။ ဘောလုံးဟာ ပျော်ရွင်မှုကိုပေးတဲ့ အားကစားဖြစ်တယ်၊ ဘောလုံးနဲ့ နိုင်ငံရေး ရောထွေးခြင်းမလုပ်ပါနဲ့ ကျနော်တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံကိုသွားပြီး ဒေသခံတွေနဲ့ကစားရမှာမို့ ပျော်ပျော်ကြီးသွားမှာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာပြည်သွားမယ့် ဗြိတိန်ဘောလုံးအသင်း ကန့်ကွက်ခံရ မြန်မာပြည်သွားမယ့် ဗြိတိန်ဘောလုံးအသင်း ကန့်ကွက်ခံရ Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.