ချင်းတွင်းသင်္ကြန် ရေနစ်သေဆုံးသူ ၆ ဦးရှိပြီ

ချင်းတွင်းသင်္ကြန်ပွဲတော်
ဒီနှစ် အတာသင်္ကြန်မှာ စစ်ကိုင်းတိုင်း၊ ချင်းတွင်မြစ်ဘေးမှာ ဆင်နွဲကြတဲ့ ချင်းတွင်းသင်္ကြန်က စည်ကားသိုက်မြို့်သလို သင်္ကြန် နောက်ဆုံးရက် ဒီအထိ ရေနစ်သေဆုံးသူလည်း ၆ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် မတော်တဆ ဆိုင်ကယ်တိုက်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရသူတွေလည်း များတဲ့အကြောင်း လူမှုအသင်းအဖွဲ့တွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်ချင်းတွင်းမြစ်နဘေးမှာ ဒီနှစ်ထူးထူးခြားခြား ပထမဦးဆုံးအကြိမ်အဖြစ် ချင်းတွင်းသင်္ကြန်ကို ကျင်းပခဲ့တာပါ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ကျင်းပခဲ့တဲ့ ချင်းတွင်းသင်္ကြန်မှာလူသေဆုံးမူတွှေရှိခဲ့ပါတယ်။ ဒါဟာ သတ်မှတ်ဧရိယာကိုကျော်လွန်ပြီး ရေဆော့ကြတဲ့အတွက် သေဆုံးခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင်အတွင်းက လူမူရေးလုပ်နေတဲ့ ဂရုဏာမြင့်မိုရ်လူမူရေးအသင်းက ရုံးတာဝန်ခံ ကိုဆန်းတင်က အခု လိုပြောပြပါတယ်

"ချင်းတွင်းသင်္ကြန်ကတော့ ကမ်းနားမှာရေနစ်သေတာများတာ ပါ ဒီနေ့အထိတော့ ၆ယောက်လို့ ပြောတယ် လူငယ်လည်းပါတယ် လူလတ်ပိုင်းတွေကောပေါ့ ကယ်ဆယ်ရေးက ကြက်ခြေနီတို့ ဘာတို့ ရှိတယ် သတ်မှတ်ဧရိယာကို ကျော်ပြီးဆြော့ကတာဗျ သတ်မှတ်ဧရိယာကျော်တယ် အဲဒီ ဘက်ကို မသွားဖို့လည်းလိုက်ပြောတယ် အဲဒီထဲကနေ သူတို့ က အဲဒီဘက်ကို ကူးကြတာပေါ့လေ။ ကလေးတယောက်ကရိုးရိုးပါ ကျန်တဲ့သူတွေကတော့သောက်စားထားတာတွေလည်းပါတယ်။"

သူတို့အသင်းအနေနဲ့ကတော့ လူမူကယ်ဆယ်ရေးလုပ်ငန်းတွေကို သင်္ကြန်ကာလအတွင်း ၂၄နာရီလုံးတာဝန်ယူလုပ်ဆောင်ကြတဲ့အတွက် ဆိုင်ကယ်မတော်တဆဖြစ်တဲ့လူနာတွေကို ဆေးရုံကို အများဆုံးပို့ဆောင်ခဲ့ရတယ်လို့လည်းပြောပါတယ်။

"ဆိုင်ကယ်အက်စီးဒင့်ပဲများတယ် သူဘာသာသူမူးလဲတာ သစ်ပင်ကိုဝင်တိုက်တာတွေ မူးလိုဖြစ်တာပါ မြို့ တွင်းပိုင်းမှာ မဖြစ်ဘူးမြိုပြင်ဘက်တွေမှာဖြစ်နေတော့ သွားသွားကောက်နေရတာ ဒီသင်္ကြန်နဲ့တော့မပတ်သက်ဘူးလို့လည်း ပြောလို့ ရသလို့ သင်္ကြန်နဲ့ပတ်သက်တယ်လို့လည်းပြောလို့ ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီကိုပဲလာကြတာကိုး အပြန်မှာသောက်စားပြီးပြန်ကြတော့ အရှိန်မထိမ်းနိုင်ပဲဖြစ်ကြတာတွေများတယ် လေ။

ကူညီရေးကတော့ နေကောညကော တာဝန်ယူထားတယ် ကျနော်တို့ ၂၄နာရီလုံးတာဝန်ယူထားတယ် အကြိုနေ့ကစပြီး အကျနေ အကြတ်နေ အခု အတက်နေ့ ဒီနေ့ အထိ အကုန်တာဝန်ယူထားတယ် အသင်းသူအသင်းသားတွေ တနေ့ကို လူ၃၀ ၃၅ ၄၀လောက်ထိပို့ထားပြီးဒီလိုပဲကူညီရေးလုပ်ပေးနေရတယ်။"

ချင်းတွင်းသင်္ကြန်ကို နယ်ပေါင်းစုံကလူတွေ လာရောက်ပြီး ဆင်နွဲကြတယ်လို့လည်း ဆိုပါတယ်

"ဒီနှစ်သင်္ကြန်ကတော့ လာတာတော့နယ်ပေါင်းစုံဗျ အတော်လေးများပါတယ် လူအတော်စည်တဲ့ဗျ ကွင်းပြင်ကြီးတခုလုံးပြည့်သွားတာအောင်ကိုများတယ်။"

ချင်းတွင်းသင်္ကြန်ပွဲမှာ ဇုန်ကြီး ၅ခုထားပြီး ကျင်းပခဲ့တာပါ ပြခန်းဇုန် ကလေးငယ်များအားကစားကွင်းဇုန် ရေကစားမဏ္ဍပ်များဇုန် သဲပန်းပုအနုပညာပြခန်း နားနေစားသောက်အပန်းဖြေဇုန် တွေဖြစ်ပါတယ် ရေကစားမဏ္ဍပ်တွေမှာလည်း နာမည်ကြီးအဆိုတော်တွေဖျော်ဖြေမူတွေလည်းလုပ်နေတာပါ အခုလို စည်ကားအောင် သိန်းထောင်ဂဏန်းအကုန်ကျခံပြီးကျင်းပခဲ့တဲ့ ချင်းတွင်းသင်္ကြန်ပွဲနဲပတ်သက်လို့ဝေဖန်မူတွေလည်းရှိနေတာပါ ဒီနှစ်မှာတော့ နိုင်ငံအ၀ှမ်းလုံးမှာ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ကမကထလုပ်ပြီးသင်္ကြန်ပွဲတွေကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်၊

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ချင်းတွင်းသင်္ကြန် ရေနစ်သေဆုံးသူ ၆ ဦးရှိပြီ ချင်းတွင်းသင်္ကြန် ရေနစ်သေဆုံးသူ ၆ ဦးရှိပြီ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.