ရခိုင်ပြည်နယ်မှာ သင်္ကြန်ရက်အတွင်း လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က လမ်းမကြီးတစ်နေရာကို တွေ့ရစဉ် ။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ်အသီးသီးမှာ သင်္ကြန်ရက်တွေအတွင်း ရဲတပ်ဖွဲ့လုံခြုံရေးတွေကို ပိုမိုတင်းကျပ်ချထားပါတယ်။

စစ်တွေမြို့မှာဆိုရင် ဒီသင်္ကြန်ရက်တွေအတွင်း လမ်းဆုံတွေနဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ အစိုးရဌာနဆိုင်ရာ အဆောက် အဦးတွေမှာ လုံခြုံရေးအင်အားကို အခြားမြို့တွေထက် ပိုမိုတိုးမြှင့်ထားတာတယ်လို့ အမည်မဖေါ်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စစ်တွေမြို့မှာ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် မြို့အဝင် ပုံမှန်စစ်ဆေးရေးတွေ ကို ဆောင်ရွက်နေသလို အခုသင်္ကြန်ကာလအတွင်းမှာတော့ နယ်မြေခံရဲတွေအပြင် ရဲတပ်ရင်းအင်အားတွေနဲ့ပါ ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီအတောအတွင်း မောင်တောခရိုင်အတွင်းမှာထုတ်ပြန်ထားတဲ့ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ကန့်သတ်ချက် အချိန်ကို မနေ့က လျှော့ချလိုက်ပါတယ်။

အရင်က ည ၆ နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ်ထားတာကို မနေ့ကစတင်ပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ လျှော့ချလိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရခိုင်ပြည်နယ်မှာ သင်္ကြန်ရက်အတွင်း လုံခြုံရေးတိုးမြှင့် ရခိုင်ပြည်နယ်မှာ သင်္ကြန်ရက်အတွင်း လုံခြုံရေးတိုးမြှင့် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.