လမ်းဖြတ်ကူးသူအား မန်းရာဇာခရီးသည်တင်ယာဉ်မှ ဝင်တိုက်မိရာ နေရာတွင်သေဆုံး


ကျောက်တံခါး ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၇/၁နှင့်၂အကြား အလယ်ကျွန်းကျေးရွာ၌ ဧပြီ၂၀ရက် ည၁၀နာရီခန့်က လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား မန်းရာဇာခရီးသည်တင်ယာဉ်မှ ဝင်ရောက် တိုက်မိရာ နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ကျောက်တံခါးမြို့မရဲစခန်းမှ တာဝန်မှုးရဲအုပ်ကျော်သူထက်နှင့် တပ်ဖွဲ့ဝင်များရင်းတိုက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဦးဆန်းလွင်နှင့် အသိသက်သေများမှ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းလှဝင်းလှိုင်၃၈နှစ် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ်YGN5G/------- YUTONG အမျိုးအစား ဖြူစိမ်းရောင် မန်းရာဇာ ခရီးသည်တင်ယာဉ်သည် အရှိန်ပြင်းစွာ
မောင်းနှင်လာစဉ် ကားလမ်း၏ အနောက်ဘက်မှ အရှေ့ဘက်သို့ လမ်းဖြတ်ကူးသူဦးဝင်းသိန်း (ခ) ဦးငပြူး၃၆နှစ် အလယ်ကျွန်းကျေးရွာ ရင်းတိုက်ကုန်းကျေးရွာအုပ်စု ကျောက်တံခါးမြို့နယ်နေသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်မှာရှေ့လေကာမှန်ကွဲအက်ပြီး လမ်းဖြတ်ကူးသူဦးဝင်းသိန်း (ခ) ဦးငပြူးတွင် ဝဲချေထောက်ကျိုး နား နှာခေါင်း မျက်လုံးသွေးထွက် ဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စခန်းမှုးဒုရဲမှုးဇော်ထွန်းက စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မ ရဲစခန်းမှ ယာဉ်မောင်းလှဝင်းလှိုင်အား ဖမ်းဆီးအမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းဖြတ်ကူးသူအား မန်းရာဇာခရီးသည်တင်ယာဉ်မှ ဝင်တိုက်မိရာ နေရာတွင်သေဆုံး လမ်းဖြတ်ကူးသူအား မန်းရာဇာခရီးသည်တင်ယာဉ်မှ ဝင်တိုက်မိရာ နေရာတွင်သေဆုံး Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.