ဘင်္ဂါလီအကြမ်းဖက်သမားများမှ မြိုလူမျိုးတစ်ဦးကို သတ်ရန်ကြိုးစား


မောင်တော၊ ဧပြီလ ၁၁

မောင်တောမြို့နယ် တရိမ်းကျေးရွာမှ မောင်စိမ်ပို (အသက် ၁၆ နှစ်) ကို ဘင်္ဂါလီအကြမ်းဖက်သမားများမှ ယနေ့ ဧပြီလ ၁၁ ရက်က အုပ်စုလိုက် လိုက်လံပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မောင်စိမ်ပိုမှာ ဘင်္ဂါလီများ၏ ရန်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မိမိကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ ဟုတ်ပါတယ်။ သူပြေးလာပြီး ရွာကို ရောက်တဲ့အချိန်မှာ စကားတောင်မပြောနိုင်တော့ပါ။ မောအားကြီးလို့ပါ အကြမ်းဖက် ဘင်္ဂလီများကို တွေ့ခဲ့တယ်လို့ပြောပါတယ်။ ကျေးရွာ ရဲစခန်းနှင့် နယ်မြေမှာ အကြောင်းကြားပြီး ၎င်း နေရာကို လုံခြံရေးများနှင့် သွားကြည့် ကြပါတယ်။ ခြေရာများ တွေခဲ့ပါတယ်။ ” ဟု ပြောသည်။

ဧပြီလ ၁၀ ရက်နေ့ကလည်း ဇီးပင်ချောင်း ရဲကင်းစခန်းနှင့် ကျွန်းပေါက်ရဲကင်းစခန်းများ အနီးတွင် ညအချိန်တောစပ်များ၌ ဓါတ်မီးအလင်းရောင်နှင့် လူသံများကြားနေရ၍ တရိမ်းကျေးရွာသားများကို နိုးနိုးကြားနေထိုင်ကြရန် မှာကြားထားကြောင်း အဆိုပါအုပ်ချုပ်ရေးမှူးက သတိပေးထားသည်။

သတင်း၊ ဓါတ်ပုံ - ချလူးအောင်/ DMG
Development Media Group
https://www.facebook.com/dmgnewsagency
ဘင်္ဂါလီအကြမ်းဖက်သမားများမှ မြိုလူမျိုးတစ်ဦးကို သတ်ရန်ကြိုးစား ဘင်္ဂါလီအကြမ်းဖက်သမားများမှ မြိုလူမျိုးတစ်ဦးကို သတ်ရန်ကြိုးစား Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.