ငပုတောမြို့နယ်တွင် အိမ်ခြံဝန်းမြေဖို့ရန် တောင်ကုန်းမြေတူးရာမှ မြေပြိုကာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ငပုတော ၂၅ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေကျော်ကြီးရွာတွင် ယနေ့နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က နေအိမ်ခြံဝန်းအတွင်း မြေဖို့ရန်အတွက် တောင်ကုန်းမြေအားတူးရာမှ မြေပြိုကျပိမိပြီး အိမ်ရှင်ဖြစ်သူအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းကျေးရွာနေ ဒေါ်ဌေးကြည်သည် နေအိမ်ခြံဝန်းအတွင်း မြေဖို့ရန်အတွက် ကျေးရွာ အ.လ.က ကျောင်းအနီးရှိ တောင်ကုန်းမြေအား တစ်ရွာတည်းနေသူများဖြစ်သော နန်းပန်းထွေး (၅၂)နှစ်၊ ဦးချစ်လှိုင်ထွန်း (၃၁)နှစ်၊ မောင်နွေဦး (၁၀)နှစ်တို့နှင့်အတူ တူးရာမှ မြေပြိုကျ၍ မြေများပိမိပြီး ဒေါ်ဌေးကြည်မှာ ဝမ်းဗိုက်ယာဘက်ခြမ်းမှ အူထွက်၍လည်းကောင်း၊ နန်းပန်းထွေးမှာ ဝဲဘက်တင်ပါးဆုံ ပြုတ်၍လည်းကောင်း၊ မောင်နွေဦးမှာ နဖူးပေါက်ပြဲဒဏ်ရာတစ်ချက်၊ ရင်ညွန့်ဖူးရောင် လျှာထွက်၊ ပါးစပ်နှင့်နားတို့မှ သွေးများထွက်ကာ နေရာ၌ပင် အသီးသီးသေဆုံးခဲ့ကြောင်း၊ ဦးချစ်လှိုင်ထွန်းမှာ ပြင်ပဒဏ်ရာမရရှိသော်လည်း ခန္ဓာကိုယ်တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ငပုတောမြို့နယ်ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း၊ သေဆုံးသူများနှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး၍ သေမှုသေခင်းဖွင့်လှစ်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငပုတောမြို့နယ်တွင် အိမ်ခြံဝန်းမြေဖို့ရန် တောင်ကုန်းမြေတူးရာမှ မြေပြိုကာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
22:56
Rating: