နျူကလီးယား စမ်းသပ်မှု ရပ်နားဖို့ ဘာကြောင့် ဆုံးဖြတ်ရသလဲ

 မြောက်ကိုးရီးယား စစ်ရေးပြအခမ်းအနားမှာတွေ့ရတဲ့ ဒုံးတင်ယာဉ်
မြောက်ကိုးရီးယားအနေနဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံးစမ်းသပ်မှုတွေကို ရပ်ဆိုင်းတော့မယ်ဆိုပြီး ချက်ခြင်း ကြေညာနေတုန်း ချက်ခြင်းဆိုသလိုပဲ ကင်ဂျုံအွန်း အနေနဲ့ အဓိကကျတဲ့ ဒီပလိုမက် သံတမန်ရေးအရာ အခင်းအကျင်း နှစ်ခုအတွက် ပြင်ဆင်နေပါတယ်။

မြောက်ကိုးရီးယားခေါင်းဆောင်အနေနဲ့ သူ့ရဲ့ နောက်ဆုံး လှုပ်ရှားဆောင်ရွက်မှုကနေ ဘာအကျိုးဖြစ်ထွန်းမှုကို ရလာဖို့ မျှော်လင့်ထားသလဲဆိုတာ မြောက်ကိုးရီးယားအရေး လေ့လာသူနဲ့ ဒီပလိုမက် မဂ္ဂဇင်း အယ်ဒီတာ Ankit Panda က သုံးသပ်တင်ပြထားပါတယ်။

မြောက်ကိုးရီးယားရဲ့ မစ်ဆိုင်းနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ရပ်ဆိုင်းတဲ့ အစီအစဉ်ဟာ ပိုကဲလွန်းတဲ့ အမွှမ်းတင် ချီးမွှမ်းခံရမှုတွေ ရလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဒါပေမယ့် မြောက်ကိုးရီးယားရဲ့ နျူကလီးယား မျှော်မှန်းချက်ဆိုင်ရာ သမိုင်းအဆက်အစပ်ကို ပြန်ကြည့်တဲ့ရင် အဲဒီ သမိုင်းအချက်လက်တွေက ကျွန်တော်တို့ အနေနဲ့ သူ့အပေါ်မျှော်လင့်ချက် အများကြီး မထားဘဲ ခေါင်းအေးအေးထား စဉ်းစား စောင့်ကြည့်ဖို့ လိုကောင်းလိုအပ်နေမယ်ဆိုတဲ့ အထောက်အကူအကြံပြုချက်တွေ ရနိုင်တာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ နျူကလီးယား စမ်းသပ်မှု လုပ်စရာမလိုတော့ဘူး နျူကလီးယားစမ်းသပ်တဲ့ နေရာ ၆ နေရာထဲက တနေရာဖြစ်တဲ့ ပြုံဂျယ်ရီ ကို ပိတ်လိုက်တော့မယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ ကင်ဂျုံအွန်ရဲ့ စနေ့နေ့က ထုတ်ပြန်ချက်ဟာ သူ့နိုင်ငံအနေနဲ့ နျူကလီးယား လက်နက်တွေထုတ်လုပ်ဖို့ အောင်မြင်သွားပြီးဆိုတဲ့ စိတ်ခံစားမှုကြောင့် ဖြစ်ပါတယ်။

ဒီအချက်ကို အတည်ပြုဖို့တော့ ခက်ခဲနေသလို ရှိပေမယ့်လည်း ဒီကိစ္စဟာ ချဲ့ကားလွန်းပြီး ယုံကြည်လောက် စရာမရှိတဲ့ အဖြစ်လို့လည်း ပေါ်လွင်ထင်ရှားမနေပါဘူး။

၁၉၉၈ ခုနစ်က ပြုလုပ်ခဲ့တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ ၆ ကြိမ်စီ နျူကလီးယား စမ်းသပ်မှုတွေနောက်ပြီး သူတို့အနေနဲ့ ဆက်လက် စမ်းသပ်တာတွေ မရှိဘဲ Pantheon နျူးကလီးယားလက်နက်တွေ ပိုင်ဆိုင်လာခဲ့တာဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ နျူကလီးယားလက်နက်ပုံစံတွေ ထုတ်လုပ်နိုင်ဖို့ အရင်းအမြစ်တွေ ရယူနိုင်ဖို့နဲ့ လေ့လာစမ်းသပ်ဖို့ အချိန် ၈ နှစ်လောက် ပိုရခဲ့တာ ၆ ကြိမ်လောက် စမ်းသပ်နိုင်ခဲ့တာကလည်း ကျေနပ်လောက်စရာ အခြေအနေ တရပ်မှာ ရှိနေနိုင်တာပါ။

ပိုမိုအတင့်ရဲတဲ့ ၅ ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုတွေကို ၂၀၁၆ ခုနစ်နဲ့ ၂၀၁၇ ခုနစ်က သီးခြားစီပြုလုပ်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ စမ်းသပ်မှုအခြေအနေဟာ စံ အဆင့်သတ်မှတ်ချက် ဆိုရာ သတိထားရမယ့် အခြေအနေတရပ်ကို ရောက်ရှိလာခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။

၂၀၁၆ စက်တင်ဘာလမှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုကို မြောက်ကိုးရီးယားနိုင်ငံပိုင်မီဒီယာကလည်း ဖော်ပြခဲ့ပြီး အဆင့်မြင့်ပြီး သိပ်သည်းကျစ်လစ်တဲ့ နျူကလီးယားနဲ့ သက်ဆိုင်တဲ့ ပစ္စည်းအမျိုးမျိုးပါဝင်နေသလို စမ်းသပ်မှုက ဘယ်လိုအခြေအနေလဲဆိုတဲ့ အဆင့်သတ်မှတ်မှု အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပါတယ်။
မစ်ဆိုင်းဒုံးစမ်းသပ်မှုကို ကြည့်ရှူနေတဲ့ ကင်ဂျုံအွန်း
တကြိမ်မှာတော့ အလယ်အလတ်ကနေ တိုက်ချင်းပစ် ICBMs မစ်ဆိုင်းဒုံးတွေအထိ ခင်းကျင်းပြသနိုင်ခဲ့ပြီး အဲဒီအကြိမ်ဟာ ကင်ဂျုံအွန်းကိုယ်တိုင် Hwason-12 မစ်ဆိုင်းဒုံးစမ်းသပ်တဲ့နေရာမှာရှိနေခဲ့တာကို KCNA သတင်းဌာနကနေ ၂၀၁၇ ခုနစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာကို မြင်တွေ့နိုင်ပါတယ်။

အဲဒီ လက်နက်ရဲ့ ပေါက်ကွဲမှုအားနဲ့ အကျိုးအာနိသင်ဟာ ဒုတိယ ကမ္ဘာစစ်တုန်းက အမေရိကန်က နာဂါဆာကီကိုကျဲချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ ဗုံးရဲ့ သုံးပုံ နှစ်ပုံလောက် ပြင်းအားရှိနိုင်ပါတယ်။

ဒါဟာ မြောက်ကိုးရီးယားရဲ့ ရည်ရွယ်ချက်အတွက် လုံလောက်စရာ အခြေအနေ တရပ်ပါပဲ။

အထူးအလေးအနက်ထားစရာကတော့ မြောက်ကိုးရီးယားနဲ့ နောက်ဆုံးလတ်တလော နျူကလီးယား စမ်းသပ်မှုတွေဟာ သူတို့ရဲ့ စွမ်းအားမြှင့်နျူကလီးယား ထုတ်လုပ်နိုင်မှု တိုးတက်လာနေတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားဟာ အပူချိန်မြင့်မားတဲ့နျူးကလီးယားကို အခြေခံတဲ့စွမ်းအားမြှင့် ဗုံးကို တည်ဆောက်နိုင်ပြီလားဆိုတဲ့အချက်ကို အဲခတ်တွေနဲ့ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေအကြားမှာ တူညီတဲ့ အကဲဖြတ်ချက်မျိုးမရရှိသေးစဉ်မှာပဲ၂၀၁၇ ခုနစ် စက်တင်ဘာလ ၃ ရက်နေ့က ရရှိခဲ့တဲ့ မြေငလျင်တိုင်းထွာမှုဆိုင်ရာ မှတ်တမ်းတွေအရတော့ မြောက်ကိုးရီးယားဟာ နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ လုံလောက်တဲ့ အခြေအနေတရပ်မှာ ရှိနေခဲ့ပြီး အဲဒီထုတ်လုပ်တဲ့ လက်နက်တွေဟာ မြို့ကြီးတွေကို ပေါက်ကွဲပျက်စီးစေနိုင်တဲ့ အကျိုးအာနိသင် ရှိနေခဲ့ပြီဆိုတဲ့ အချက်ကို တင်ပြနိုင်ခဲ့ပါတယ်။

ကင်ဂျုံအွန်းရဲ့ ပေကျင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ အဓိက ကျတဲ့အချက်ကတော့ သူ့အနေနဲ့ မြောက်ကိုးရီးယားကို ပိုမို ခိုင်မာတောင့်တင်းတဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့ပြီး နိုင်ငံကို စိတ်ချလက်ချထားကာ အပြင်ကို သွားနိုင်ခဲ့ပြီဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ နျူးကလီးယား စမ်းသပ်မှုတွေကို တားမြစ်လိုက်ပေမယ့်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ မစ်ဆိုင်းစမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ ICBMs စမ်းသပ်မှုတွေကို ဘယ်တော့မှ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ကင်က ပြောခဲ့ပါတယ်။ ဒါဟာ အံ့သြစရာပါ။

အမေရိကန် ပိုင်နက်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေရာအထိရောက်နိုင်တဲ့ မစ်ဆိုင်းစမ်းသပ်မှုတွေ သုံးကြိမ်လောက် မြောက်ကိုးရီးယားအနေနဲ့ လုပ်ခဲ့ပါတယ်။ တကြိမ်မှ နျူကလီးယား တိုက်ခိုက်မှုအတွက် လိုအပ်ကောင်းလိုအပ်နိုင်တဲ့ မစ်ဆိုင်းပစ်ခတ်မှုတွေ မပါဝင်ခဲ့ပါဘူး။

အမေရိကန်အထိ ရောက်နိုင်တယ်ဆိုတဲ့ ဒုံးကျည်အကွာအဝေးကျရောက်နိုင်မှုကိုသာ တကြိမ်ပြီးတကြိမ် အဓိကထား စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုးရီးယားမှာ တခြား အစီအစဉ်တွေလည်း ရှိနိုင်ပါတယ်။

ဥပမာအားဖြင့် သူ့အနေနဲ့ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ အနေထားရောက်ဖို့ နည်းပညာလိုအပ်မှု ရှိနေဆဲဖြစ်နေတဲ့ အချိန်အတောအတွင်းမှာပဲ သူ့ရဲ့ မစ်ဆိုင်းတပ်ဖွဲ့တွေဟာ သေးငယ်တဲ့ လောင်ချာဒုံးတွေနဲ့ ပစ်ခတ်စမ်းသပ်မှု အမြောက်အမြားကို ဆက်လက်ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

လောလောဆယ်အခြေအနေအရတော့ မြောက်ကိုးရီးယားဟာ ICBMs လို့ခေါ်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးတင်ယာဉ် ၆ စီးလောက် ပိုင်ဆိုင် နိုင်လောက်တဲ့ အခြေအနေပါ။

သို့ပေမဲ့လည်း ၂၀၁၇ နှစ်သစ်အတွက် ကင်ဂျုံအွန်းရဲ့ မိန့်ခွန်းမှာတော့ သူ့ရဲ့ နျူကလီးယားအင်အားပြည့်စုံနေမှုဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးတွေ ပိုမိုထုတ်လုပ်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်အဖြစ် ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

နျူကလီးယားဆိုင်ရာ အမိန့်ပေးတဲ့စနစ်နဲ့ ထိန်းချုပ်မှု အပါဝင် အစိတ်ပိုင်းတွေ ထုတ်လုပ်ဖို့အတွက် ပိုလို့တောင် လုပ်ရမယ့် အခြေအနေလို့ သူကဆိုခဲ့တာပါ။

ICBM ပဲ့ထိန်းစနစ်သုံး တိုက်ချင်းပစ် မစ်ဆိုင်းတွေကို ဆက်ပြီး မစမ်းသပ်ဖို့ တားမြစ်မှုဟာ နည်းဗျူဟာပိုင်းအရပိတ်ပင်မှု ဖြစ်နိုင်ပြီး အကန့်အသတ်နဲ့ သုံးစွဲနေရတဲ့ ကုန်ကျစားရိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အခြေခံအားဖြင့်တော့ ဒီလိုစမ်းသပ်မှုတွေကို ရပ်ဆိုင်းတာဟာ ဘတ်ဂျက်အကန့်သတ်တွေအကြား သူတို့အတွက် သက်တမ်းရှည်စေဖို့ ဆွဲဆန့်နိုင်ဖို့ ဖြစ်ပါတယ်။
 မြောက်ကိုးရီးယားအနေနဲ့ ယာဉ်တွေ တည်ဆောက်နိုင်ရေး ပိုအာရုံထားနေနိုင်တယ်
လှည့်ဖြားမှုမပါတဲ့ ပြုံဂျယ်ရီ နျူးကလီးယား စမ်းသပ်တဲ့နေရာကို ပိတ်လိုက်မှုဟာ သူတို့လုပ်ရပ်အတွက် အသိအမှတ်ပြုမှုတွေကို ရနိုင်ပါတယ်။ ဥပမာအားဖြင့် မြောက်ကိုးရီးယားဟာ သူ့ရဲ့ နျူးကလီးယားစမ်းသပ်တဲ့ မြေအောက်လှိုဏ်ခေါင်းဆောင်တွေကို ဖြည်းဖြည်းချင်း ဖြိုဖျက်လိုက်နိုင်ပါတယ်။ ဒါက စနေနေ့က ထုတ်ပြန်လိုက်တဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်အရပါ။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မြောက်ကိုးရီးယားဟာ အကြောင်းအနည်းငယ်လောက် သတိပေးချက်တွေ ထုတ်ပြန်ရုံနဲ့ သူကိုယ်တိုင် ပြဌာန်းထားတဲ့ တားမြစ်ချက်တွေကို ပယ်ဖျက်ပြီး မစ်ဆိုင်းဒုံးတွေကို မြဲမြံစွာ ကိုယ်ထားဦးမှာပါ။

၁၉၉၉ ခုနစ်တုန်းကလည်း သူဟာ သူ့ရဲ့ မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေကို တရားဝင်ရပ်ဆိုင်းထားခဲ့ဖူးပြီး ၂၀၀၆ ခုနစ်မှာတော့ အဲဒီရပ်ဆိုင်းထားမှုကို ချိုးဖောက်ခဲ့ပြန်ပါတယ်။ အဲဒီနောက်နှစ်အနည်းငယ်အကြာမှာတော့ ၁၉၉၄ ခုနစ်က သဘောတူခဲ့တဲ့ သဘောတူညီချက်တွေကို ဖြိုလှဲလိုက်တော့တာပါပဲ။

လတ်တလော ရပ်ဆိုင်းလိုက်တဲ့ တားမြစ်မှု အမိန့်ရဲ့ တဘက်မှာတော့ မစ္စတာ ကင်ဟာ လတ်တလောမှာပဲ သူ့ရဲ့ မဟာဗျူဟာ မြောက်တဲ့ အခြေခံ စီမံချက်ဖြစ်တဲ့ ဗျောင်ဂျင် Byungjin လို့ခေါ်တဲ့ နျူးကလီးယားနဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းအတွက် အောင်မြင်မှုချီးမွမ်းခန်းတွေလည်း ပါတဲ့ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဒီအယူအဆဟာ နျူကလီးယားနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပါ တပြိုင်နက်တည်း ပေါ်ထွန်းတဲ့ တိုင်းပြည်ဖြစ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

စနေနေ့က ထုတ်ပြန်လိုက်တဲ့ ကင်ဂျုံအွန်းရဲ့ ထုတ်ပြန်ချက်ကတော့ နျူးကလီးယား စမ်းသပ်မှုတွေ ရပ်နားထားတုန်း သူ့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မဲ့ ဆိုရှယ်လစ်တိုင်းပြည်ဖြစ်အောင် အာရုံစိုက်သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုဖော်ပြထားတာပါ။ သူ့တိုင်းပြည်က လူတွေရဲ့ လူမှု ဘဝအခြေအနေ ထူးထူးခြားခြား တိုးတက်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အလေးအနက်ထားရမယ့် အခြေအနေပဲဖြစ်ပါတယ်။ မြောက်ကိုးရီးယားအနေနဲ့ သူ့ပေါ် ပိတ်ဆို့အရေးယူခံထားရမှုတွေကနေ ထွက်ပေါက်ရှာနိုင်ဖို့ ရှေ့လာတော့မယ့် ထိပ်သီးအစည်းအဝေးတွေကို ( အမေရိကန် မြောက်ကိုးရီးယား တောင်ကိုးရီးယား ဆွေးနွေးပွဲ ) ဓမ္မဓိဌာန်ကျကျ အသုံးချမှာဖြစ်ပါတယ်။

အခုလို နျူးကလီးယားတွေ စမ်းသပ်မှု ရပ်ဆိုင်းကြောင်း မြောက်ကိုးရီးယားဘက်က လိုက်လျောချက်ဟာ အမေရိကန် တောင်ကိုးရီးယားတို့နဲ့ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲတွေမတိုင်ခင် ကြိုတင် လက်ဦးမှု ရယူဆုံးဖြတ်တာလည်း ဖြစ်ပါတယ်။
ထိပ်သီးဆွေးနွေးပွဲအကြောင်း သတင်းဖော်ပြမှု
တချို့ကတော့ မစ္စတာကင်အနေနဲ့ သူ့လက်ထဲကိုင်ထားတဲ့ ပဲ့ထိန်းဒုံးတွေနဲ့ နျူးကလီးယား စမ်းသပ်မှုတွေလို ကိစ္စကို အမေရိကန် သမ္မတနဲ့မတွေ့ဆုံခင် ဘာကြောင့် အလျှော့ပေးလိုက်သလဲ၊ အဲဒီဟာတွေက သူ့ရဲ့ နိုင်ဖဲတွေမဟုတ်လားဆိုပြီး မြောက်ကိုးရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှု ရပ်ဆိုင်းကြောင်းကြေညာချက်အပေါ် မေးခွန်းထုတ်ကာ အကျိုးအကြောင်းက ဘာလဲဆိုတာ သိချင်ကြမှာပါ။

အဖြေကတော့ ရှင်းပါတယ်။ အမေရိကန် သမ္မတထရန့်နဲ့ ထိပ်သီးဆွေးနွေးပွဲဆိုတာ သူ့အဖေကော သူ့အဘိုးကော မရခဲ့တဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဒါဟာ မစ္စတာကင်အတွက်တော့ ဆုလာဘ်ပါဘဲ။

သူ့ရဲ့ နျူးကလီးယား စမ်းသပ်တဲ့နေရာနဲ့ ပဲထိန်းဒုံး စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်မှု မရှိဘဲ သည်းခံကာ တရားဝင် ရပ်ဆိုင်းထားရထိုင်းမှုနဲ့ သမ္မတ ထရန်ံဘေးမှာ မစ္စတာကင် အတူထိုင်နေမှုက ရလာမဲ့ အကျိုးရလာဒ်ကို အဆုံးမှာသူ့အနေနဲ့ ယှာဉ်ကြည့်မှာ ဖြစ်ပါတယ်။

စနေနေ့ မြောက်ကိုးရီးယား ကေစီအန်အေ သတင်းဌာနရဲ့ ထုတ်ပြန်ချက်ဟာ နျူးကလီးယားလျှော့ချဖို့အတွက် အရိပ်အယောင်မဟုတ်သေးတာတောင်မှ အမေရိကန်နဲ့ မြေက်ကိုးရီးယား ဆွေးနွေးဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ တောင်ကိုးရီးယား အာဏာပိုင်တွေအနေနဲ့ မြောက်ကိုးရီးယားရဲ့ ကိုယ်စား ဆွေးနွေးမှုတွေအတွက် ပိုမို စိတ်အားထက်သန်စေလိမ့်မှာဖြစ်ပါတယ်။

အဲဒါနဲ့ ခြားနားစွာပဲ မြောက်ကိုးရီးယားရဲ့ လေသံဟာ နျူ ကလီးယားလက်နက်ပိုင် တိုင်းပြည်အတွက်အာဘောင်အာရင်းသံသံ ထွက်နေပြီး နောက်ဆုံးသူ့ရဲ့ ရှင်သန်မှုအတွက် အာမခံပေးခဲ့ရင်တောင် လက်နက်တွေကို စွန့်လွတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

သို့ပေမဲ့လည်း သမ္မတထရန့်ကတော့ မစ္စတာ ကင်ရဲ့ ခြေလှမ်းဟာ အများကြီးတိုးတက်လာတယ် မကြာမီအချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာလိမ့်မယ်လို့ သူက အသိအမှတ်ပြု ချီးကျူးထားပါတယ်။

(Ankit Panda ဟာ Federation of American Scientist ရဲ့ Senior Fellow ဖြစ်ပြီး The Diplomat magazine ရဲ့ အကြီးတန်း အယ်ဒီတာလည်းဖြစ်ပါတယ်။)

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ