သင်္ကြန် အကျနေ့တွင် မိတ္ထီလာကန်အတွင်း ရေဆင်းကူးသည့်လူငယ်တစ်ဦးရေနစ်နေသဖြင့် ကယ်ဆယ်ရာမှ ရေနစ်သူရော၊ ကယ်ဆယ်သူပါ နှစ်ဦးစလုံးသေဆုံး

ဓါတ်ပုံ - Media TOP 4
မိတ္ထီလာ ဧပြီ ၁၄။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်ယနေ့၊ သင်္ကြန် အကျနေ့၊ ဧပြီ ၁၄ရက် နေ့လယ်ပိုင်းက အရက်သေစာသောက်စားပြီး ရေဆင်းကူးသည်ဆိုသည့် အသက် ၂၂ နှစ် အရွယ်လူငယ် တစ်ဦးရေနစ်ခဲ့ကြောင်း၊ ၄င်းအား အသက် ၂၂ နှစ်အရွယ် သူငယ်ချင်းဖြစ်သူက ဆင်းကယ်ရာမှ ရေနစ်သူရော ၊ကယ်ဆယ်သူပါ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း မိတ္ထီလာမြို့ခံတစ်ဦးကပြောသည်။

အရက်သေစာသောက်စားထားသည်ဆိုသော မိတ္ထီလာမြို့နယ် ၊ တောမအုပ်စု မန်းကျည်းပင်စုကျေးရွာနေ ဥာဏ်ရည်လင်း(၂၂)နှစ်သည် မိတ္ထီလာမြို့ ပေါက်ချောင်းကွက်သစ်ရပ်ကွက် ၊ မိတ္ထီလာတောင်ကန် စည်ပင်ရေစက်အနီးတွင် ကန်စပ်၌ ရေဆင်းကူးစဉ် ရေနစ်နေသဖြင့် ၄င်းနှင့်အတူပါလာသူ မိတ္ထီလာမြို့နယ် ရေချိုကျေးရွာနေသူ သန့်ဇင်ထွန်း (၂၂)နှစ်မှ ဆင်းဆယ်ရာမှ နှစ်ဦးစလုံးရေနစ်နေခဲ့ကြောင်း၊ လူငယ် နှစ်ဦးရေနစ်နေသည်ကို ၄င်းတို့နှင့်အတူ ပါလာသော သူငယ်ချင်းဖြစ်သူ မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာနေသူ စိုင်းကိုကို(၂၄)နှစ်မှ ဖုန်းဖြင့်သတင်းပေးသဖြင့် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်၍ ကူညီ ဆယ်ပေးခဲ့ပြီး လူငယ် နှစ်ဦး ၏ရုပ်အလောင်းအား မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါလူငယ် နှစ်ဦး ရေနစ် သေဆုံမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မိတ္ထီလာမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၆/၂၀၁၈)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း လည်း မိတ္ထီလာမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။


ကိုကိုအောင်
The Asia Heart News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ