အမေရိကန်က ဆီးရီးယားကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်

ဆီးရီးယားနိုင်ငံ သိပ္ပံသုတေသနစင်တာသို့ ဦးတည်ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းအားတွေ့ ရစဉ်(ဓာတ်ပုံ- အင်တာနက်)
 ဒမတ်စကက်စ် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံမြို့ တော် ဒမတ်စကက်စ်ကို ဒုံးကျည်များဖြင့် ဧပြီ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်နေပြီး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် တီဗွီ၏ ထုတ်လွှင့်ချက် နှင့် ဒမတ်စကက်စ်သို့ ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် ၏ ပေးပို့ ချက်အရ သိရသည်။

 ဒမတ်စကက်စ်မြို့ ကောင်းကင်ယံ၌ ဒုံးကျည်အလင်းရောင်များဖြင့် ဖြာထွက်လျက်ရှိကြောင်း ၊ ဒမတ်စကက်စ်မြို့ မြောက်ပိုင်းရှိ သိပ္ပံသုတေသနစင်တာကို ဦးတည်ပစ်ခတ်ခဲ့ကြောင်း နှင့် အမေရိကန်ဒုံးကျည် ၁၃ စင်းကို ဒမတ်စကက်စ်မြို့ အနီး၌ ဆီးရီးယားနိုင်ငံ လေကြောင်းရန် ကာကွယ်ရေးက ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)
http://xinhuamyanmar.com
အမေရိကန်က ဆီးရီးယားကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက် အမေရိကန်က ဆီးရီးယားကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက် Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.