သန်လျင်၌ လင်မယားချင်းစကားများ ဇနီးဖြစ်သူသေဆုံး


ရန်ကုန် ဧပြီ ၉

ရန်ကုန်တောင်ပိုင်းခရိုင် သန် လျင်မြို့ ဖားကူးအရှေ့ကျေးရွာ၌ ဧပြီလ ၉ ရက်နေ့ ယနေ့ နံနက် ဝဝး၃ဝနာရီခန့်တွင် လင်မယားချင်း စကားများရာမှ ခင်ပွန်းလက်ချက်ဖြင့် ဇနီးဖြစ် သူသေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာသန်လျင်မြို့ ဖားကူး အနောက်ကျေးရွာနေတရားလိုဦး------ နှင့် အစ်မဝမ်းကွဲတော် စပ်သူ ဒေါ်တင်တင်ဝင်း အသက် (၅ဝနှစ်) ဖားကူးအရှေ့ကျေးရွာ သန်လျင်မြို့နယ်နေသူ ရောက်ရှိ လာပြီး ညီမဖြစ်သူမကြူကြူဝင်း၊ (၄၂နှစ်) ဖားကူးအရှ့ကျေးရွာ သန်လျင်မြို့နယ်နေသူသည် နေ အိမ်တွင် လဲကျနေကြောင်း လာ ရောက်ခေါ်ဆောင်သဖြင့် တရား လိုဦး---- က လိုက်လံကြည့်ရှုရာ မကြူကြူဝင်းသည် ၄င်း၏တဲအိမ် ပေါ်တွင်ခေါင်းရင်းဘက်ဦးခေါင်း ပြုလျက် နှာခေါင်းသွေးထွက်ဒဏ် ရာ၊ညာဘက်ပခုံးထိုးသွင်းဒဏ်ရာ များဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ထိုသို့လဲကျသေဆုံးနေသဖြင့် မေးမြန်းကြည့်ရာ အစ်မဝမ်းကွဲ တော်စပ်သူ ဒေါ်တင်တင်ဝင်းက ညီမဖြစ်သူမကြူကြူဝင်းနှင့် ၄င်း ၏ခင်ပွန်းဖြစ်သူ စန်းယု (၄၉နှစ်) ဖားကူးအရှေ့ကျေးရွာ သန်လျင်မြို့ နယ်နေသူတို့ လင်မယားချင်း စကားများပြီးနောက် စန်းယုက ဒေါ်တင်တင်ဝင်းနေအိမ်သို့ ရောက် ရှိလာပြီး ၄င်းက လက်လွန်သွား ပြီဖြစ်ကြောင်းပြောပြသိရှိရသဖြင့် ညီမဖြစ်သူမကြူကြူဝင်းအား သေ ဆုံးအောင်ပြုလုပ်သူ စန်းယုအား ဥပဒေအရအရေးယူပေးပါရန် တိုင် တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါသေဆုံးမှုကို သန်လျင် မြို့မရဲစခန်းမှ (ပ) ၁ဝဝ၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net
သန်လျင်၌ လင်မယားချင်းစကားများ ဇနီးဖြစ်သူသေဆုံး သန်လျင်၌ လင်မယားချင်းစကားများ ဇနီးဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.