သံဃာတစ်ပါး မောင်းလာသောယာဉ် တိမ်းမှောက်မှုကြောင့် သံဃာ၂ ပါး ပျံလွန်တော်မူကာ အမျိုးသမီး ၇ ဦးဒဏ်ရာရ


ကျောက်တံခါး ၂၁ ဧပြီ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဧပြီလ ၂၁ ရက်နံနက် ၅နာရီခွဲခန့်က သံဃာတစ်ပါး မောင်းလာသောယာဉ် တိမ်းမှောက်မှုကြောင့် သံဃာနှစ် ပါး ပျံလွန်တော်မူကာ အမျိုးသမီး၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၃/၅ နှင့် ၁၀၃/၆အကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဥူးအိန္ဒာဓုဓ သက်တော် ၄၆ ဝါတော် ၂၆ ဝါ ဓမ္မပါလကျောင်းတိုက် သီတာအေးရွာ ထန်းတပင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော HILUX TOYOTA ခဲရောင် ယာဉ်အမှတ် MDY 5F- **** သည် ယာဘက်ရှေ့ဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသူ သံဃာအပါအ၀င် သံဃာနှစ်ပါး ပျံတော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီး ၇ဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိကာ မြို့ချောင်းတိုက်နယ်ဆေးရုံနှင့် ပဲခူးဆေးရုံကြီးသို့ တင်ပို့ဆေးကုသနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပက်သက်၍ မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းမှ အများပြည်သူဆိုင်ရာ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
သံဃာတစ်ပါး မောင်းလာသောယာဉ် တိမ်းမှောက်မှုကြောင့် သံဃာ၂ ပါး ပျံလွန်တော်မူကာ အမျိုးသမီး ၇ ဦးဒဏ်ရာရ သံဃာတစ်ပါး မောင်းလာသောယာဉ် တိမ်းမှောက်မှုကြောင့် သံဃာ၂ ပါး ပျံလွန်တော်မူကာ အမျိုးသမီး ၇ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:53 Rating: 5
Powered by Blogger.