မိုင်းယု၌ ရက် ၂၀ ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦးအား မိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံ


မိုင်းယု ဧပြီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှ ၁၇မိုင်ခန့် အကွာရှိ ပြည်ငြိမ်းအေး ကျေးရွာနေ လူကုန်ကူးခံရသူအမျိုးသမီးငယ် မမီတူး( ၁၅ နှစ်)အား မိုင်းယုမြို့ရှိ မိုင်းယု-ကျိန်းယဲန်း တံတားပေါ်၌ ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီကျော်က ပြန်လည်လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ပြည်ငြိမ်းအေးကျေးရွာနေ ဦးအောင်မြတ်နှင့် ဒေါ်ဘူးမြောင်၏သမီး မမီတူးကို တရုတ်နိုင်ငံတွင် အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်ရန် အထူးဒေသ(၄)နမ့်ပန်းဒေသနေ မောင်ယုဒ(၂၄နှစ်)က ခေါ်ဆောင်သွားခဲ့ပြီး၊ ပြန်လည်ဆက်သွယ်လာခြင်းမရှိ၍ မတ်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲစိတ်(၁)တာချီလိတ်သို့ အကူအညီတောင်းခံလာသဖြင့် ဧပြီ ၁ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက မိုင်းယောင်း မြို့မရဲစခန်းမှူး ဒုတိယရဲမှူး စံလင်း၊ မိုင်းယုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဟိန်းဝဏ္ဏမောင် နှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းယုစရဖတပ်ဖွဲ့စိတ်(၂)မှ တပ်ကြပ် သိန်းဇော်ထွန်းတို့နှင့်အတူ အထူး(၄)၊ နမ့်ပန်းဒေသရှိ ဆက်ဆံရေးရုံးတွင် မမီတူး အား ပြန်လည်ရရှိရေး ပူပေါင်းညှိနှိုင်းစုံစမ်းရှာဖွှေခဲ့သည်။

 ထိုသို့ ပူးပေါင်းရှာဖွေမှုကြောင့် ဧပြီ ၂၀ ရက် နေ့တွင် မီတူးအား ပြန်လည်တွေ့ရှိခဲ့ပြီး၊ ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီကျော်က မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ပန်းဆက်ဆံရေးရုံးမှ ရဲစခန်းမှူး ဒုရဲမှူး အားဖာနှင့် ဆက်ဆံရေးတာဝန်ခံများက မမီတူး အား မိခင်နှင့်အတူ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး ဦးစီးသည့် ပူးပေါင်းအဖွဲ့များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ မမီတူး ကို ခေါ်ဆောင်သွားသူ မောင်ယုဒ အား အထူးဒေသ(၄) နမ့်ပန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Iprd Tachileik
မိုင်းယု၌ ရက် ၂၀ ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦးအား မိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံ မိုင်းယု၌ ရက် ၂၀ ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်တစ်ဦးအား မိဘများထံ ပြန်လည်လွှဲပြောင်းအပ်နှံ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.