လီဒိုလမ်းမဘေးရှိ ဒွန်ဘုံးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင် လင်မယားထိခိုက်၊ တစ်ဦးသေဆုံး


မြစ်ကြီးနား၊ ဧပြီ ၁၃

ဧပြီလ ၁၃ ရက်နေ့ ယနေ့နံနက် ၆ နာရီခန့်က မြစ်ကြီးနား - တနိုင်းလမ်းမပေါ်ရှိ ဒွန်ဘုံးကျေးရွာအတွင်း လက် နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

ဦးဇော်မြင့်ဦးဆိုသူ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်၍ ဦးဇော်မြင့်ဦးမှာ နေရာ တွင်ပွဲချင်းပြီးသေဆုံးကာ ၎င်း၏ဇနီးဖြစ်သူ ဖော်ဂျွန်ထုဆမ်(Hpau Jung Htu Sam)မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒွန်ဘုံးဒေသခံရပ်မိရပ်ဖတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။


“လက်နက်ကြီးက ခြံအတွင်းမှာရှိတဲ့ ရေတွင်းနားမှာ လာကျတာ။ ပြီးမှ အဲဒီကနေ ပေါက်ကွဲ သွားတာ။ အိမ်မှာရှိနေတဲ့ ဦးဇော်မြင်းဦးနဲ့ သူ့ဇနီးကို ထိသွားတာ။ သားသမီးတွေက မရှိကြဘူး။ ကျွန် တော်တို့က စစ်ပဲ ပြေးရမလိုဖြစ်နေတယ်။ လူကလည်း ဆုံးဆိုတော့ အရမ်းစိုးရိမ်နေကြတယ်။ တပ် မတော်စစ်ကြောင်းက လက်နက်ကြီးတွေ ဆက်ပြီး ပစ်ခတ်နေကြတယ်။ ဒါပေမယ့် ရွာအတွင်းမှာ ဆက်ပြီးတော့ မကျတော့ဘူး။ ” ဟု ပြောသည်။

မြန်မာ့တပ်မတော်စစ်ကြောင်းသည် ပြီးခဲ့သည့် သတင်းပတ်ကတည်းက ဒွန်ဘုံးကျေးရွာအနီး တွင် ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့အား ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် ကေအိုင်အေက ၀င်ရောက် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်စဉ် လက်နက်ကြီးများအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒွန်ဘုံးဒေသခံ တစ်ဦးကပြောသည်။


ပြီးခဲ့သည့်သတင်းပါတ်တုန်းကလည်း တပ်မတော်ဘက်က ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ လူမရှိသည့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံရွာသားများမှာ ကြောက်လန့် စိုးရိမ် နေကြရပြီး တချို့ဒေသခံများမှာ အသင်းတော်ဘုရားကျောင်းများတွင် သွားရောက်ခိုလှုံနေကြရ ကြောင်းသိရသည်။

ယမန်နေ့ နေ့လယ်တုန်းကလည်း နမ္မတီးမြို့အနီး သူဌေးကုန်းကျေးရွာတွင် လက်နက်ကြီး ကျည်ဆံ ကျရောက် ထိမှန်မှုကြောင့် ဒေသခံ တောင်သူ ဦးစိုးမောင်ဆိုသူ၏ ခိုင်းနွားတစ်ကောင် သေဆုံးခဲ့ကြောင်းသိရသည်။

ကေအိုင်အေတပ်ရင်း ၁၄ က ဟူးကောင်းဒေသအတွင်း ဧပြီလ ၁၀ ရက်နေ့မှစ၍ ပြောက်ကျား စစ်ဆင်ရေး၊ မိုင်းစစ်ဆင်ရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာ ထားသည်။

လဖိုင်လု
ဓါတ်ပုံ - Ko Ko Pwar
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
လီဒိုလမ်းမဘေးရှိ ဒွန်ဘုံးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင် လင်မယားထိခိုက်၊ တစ်ဦးသေဆုံး လီဒိုလမ်းမဘေးရှိ ဒွန်ဘုံးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင် လင်မယားထိခိုက်၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.