တွဲကားနှင့် အိမ်စီးကားတိုက်မိရာမှ ဒုအရာခံဗိုလ်တစ်ဦးသေဆုံး


ညောင်လေးပင် ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ပိန်းဇလုပ်နယ်မြေ ရဲစခန်းအပိုင်တွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွား ရာမှ လူသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်း အပိုင် ရန်ကုန်-မန္တလေးကားလမ်း ဟောင်းမိုင်တိုင်အမှတ်(၁ဝ၄/၄) အနီး ထိန်တပင်ကျေးရွာအနီး တွင်ရန်ကုန်ဘက်မှ မန္တလေးဘက် သို့ ယာဉ်မောင်းကျော်မျိုးထွန်း (၃၆နှစ်) ကျောက်ဆည်မြို့နေသူ မောင်းနှင်လာသော MDY 6L/--- နံပါတ်ပါ VOLVO အမျိုး အစားခဲရောင် ၁၈ဘီးတွဲယာဉ် သည် ယာဉ်ကြောအတိုင်းမောင်း နှင်လာစဉ် မျက်နှာချင်းဆိုင်မှ ဒုအရာခံဗိုလ်အောင်ဇော်ဦး(၄၉နှစ်) ဆလအခွဲ(၉၅၃) တောင်ငူမြို့နေသူ မောင်းနှင်လာသောYGN 1G/---Fit အိမ်စီးကားခဲရောင်ယာဉ်သည် မောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ ကာတွဲယာဉ်၏ ဝဲဘက်စွန်းအားဝင် ရောက်တိုက်မိခဲ့ရာဒုအရာခံ ဗိုလ် အောင်ဇော်ဦးမှာ ဝဲလက်ပေါက်ပြဲ၊ ရင်ညွန့်ညိုမည်း၊ဒူးများပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာများရရှိကာသေဆုံးသွား ခဲ့ပြီးယာဉ်နှစ်စီးမှာ ပျက်စီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် အား လူသေဆုံးအောင်မောင်းနှင်ခဲ့သူFitယာဉ်မောင်းဒုအရာဗိုလ်အောင် ဇော်ဦးအား ပိန်းဇလုပ်နယ်မြေရဲ စခန်းမှ ယာဉ်(ပ)၁၂/၁၈ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် အမှု ဖွင့်အရေးယူစစ်ဆေးနေကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net
တွဲကားနှင့် အိမ်စီးကားတိုက်မိရာမှ ဒုအရာခံဗိုလ်တစ်ဦးသေဆုံး တွဲကားနှင့် အိမ်စီးကားတိုက်မိရာမှ ဒုအရာခံဗိုလ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.