တာလေမြို့ နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ဖမ်းမိ

တာလေမြို့ နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ၂၄နာရီအတွင်း ဖမ်းမိ
တာလေ ဧပြီ ၂၅

တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု ၊ နမ့်ခမ်း(၀)ကျေးရွာအနီး သစ်တော အတွင်း၌ ဧပြီ ၂၄ ရက်နေ့၊ နံနက်က အောင်မြင့်ဦး ဆိုသူအား ဓားဖြင့်ခုတ်သတ် ၍ ထွက်ပြေး တိမ်းရှောင်သွား သည့် တရားခံ နိုင်ထွန်း(ခ)မင်းထွန်း(၃၄)နှစ်အား ၂၄ နာရီအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကရှာဖွေဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နမ့်ခမ်း(၀)ကျေးရွာအနီး တောင်ပေါ်သစ်တော်တစ်နေရာတွင် နေထိုင်သူများဖြစ်ကြသည့် အောင်မြင့်ဦး(၄၀)နှစ် နှင့် နိုင်ထွန်း(ခ) မင်းထွန်း (၃၄)နှစ်တို့သည် ဧပြီလ ၂၄ ရက်နေ့၊ နံနက်က အချင်းချင်း စကား များရန်ဖြစ်ရာမှ နိုင်ထွန်း(ခ)မင်းထွန်း က ဓားဖြင့်ခုတ်သဖြင့် အောင်မြင့်ဦး မှာနေရာတွင်သေဆုံးသွားခဲ့ပြီး၊ တရားခံ နိုင်ထွန်း(ခ) မင်းထွန်း မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ သည်။

အဆိုပါအမှုအား မိုင်းလင်းနယ်မြေ ရဲစခန်းတွင်(ပ)၁/၂၀၁၈ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ တရားခံအား အမြန်ဆုံးရှာဖွေဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ထိန်ဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မိုင်းလင်းနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မင်းဦး နှင့် တပ်ဖွဲ့ဝင်များသည် မိုင်းပါလျိုးနယ်မြေနှင့် မိုင်းလင်း(အရှေ့)၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဒေသခံပြည်သူများ၏ အကူအညီဖြင့် တရားခံအား စုံစမ်းဖော်ထုတ် လိုက်လံဖမ်းဆီးခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄ နာရီအကြာ ယနေ့ ဧပြီ ၂၅ရက် ၊ နံနက် ၄ နာရီခွဲခန့်က မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စု နမ့်ခမ်း(၀)ရွာအနီးတွင် တရားခံ နိုင်ထွန်း(ခ)မင်းထွန်း အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုမှ တရားခံ နိုင်ထွန်း(ခ)မင်းထွန်း(၃၄)နှစ် အား မိုင်းလင်းနယ်မြေရဲစခန်းတွင် တရား ဥပဒေအရထိုက်သင့်သော ပြစ်ဒဏ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာလေမြို့ နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ဖမ်းမိ တာလေမြို့ နမ့်ခမ်း(၀)ကျေးရွာအနီးမှ ထွက်ပြေးနေသော လူသတ်တရားခံအား ဖမ်းမိ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.