ဟိန္ဒူဘုရားကျောင်းနဲ့ ဗလီမှားယွင်းမှု ဗြိတိန်အရာရှိ တောင်းပန်


ဟိန္ဒူဘုရားကျောင်း တခုကို မွတ်ဆလင်ဗလီလို့မှားယွင်း ပြောမိတဲ့ ဗြိတိသျ အကြီးတန်း အရာရှိတဦး ကို အင်္ဂါနေ့က ဒေသခံ Sikh လူမျိုးတွေက လက်မခံနိုင်ဘူးဆိုပြီး ပြန်တောင်းပန်ခိုင်းပါတယ်။

ဗြိတိရှနိုင်ငံခြားရေးဌာနက ဒုတိယအတွင်းဝန် Simon McDonald ဟာ တနင်္လာနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်း Amritsarရှိ ရွှေကျောင်းဆောင်ကို ရွှေ ဗလီလို့ tweeterမှာ ပုံတင်ပြီး မှားယွင်း ပြောခဲ့မိတာဖြစ်ပါတယ်။ ခုလိုမှားယွင်းတာနဲ့ပတ်သက်ပြီး Sikh အဖွဲ့ချုပ်ဥက္ကဌက ဒါဟာ အကြီင်္းတန်းအရာရှိတဦးကမှားယွင်းပြောတာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူးလို့ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတွင်းဝန်က ကျနော်မှားသွားပါတယ်။ ကျနော်အနေနဲ့ ရွှေကျောင်းဆောင် ဒါမှမဟုတ် Sri Harmandir Sahib လို့ပြောသင့်ပါတယ်လို့ ရေးသားတောင်းပန်ပါတယ်။

ဒီကျောင်းဆောင်နေရာမှာ အိန္ဒိယစစ်တပ်က ခွဲထွက်ရေး Sikh အုပ်စုဝင်၄၀၀ကျော်ကို သတ်ခဲ့တဲ့ သမိုင်းနောက်ခံရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဟိန္ဒူဘုရားကျောင်းနဲ့ ဗလီမှားယွင်းမှု ဗြိတိန်အရာရှိ တောင်းပန် ဟိန္ဒူဘုရားကျောင်းနဲ့ ဗလီမှားယွင်းမှု ဗြိတိန်အရာရှိ တောင်းပန် Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.