ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက် မီးလောင်မှုတွင် မီးလောင်ခံရသည့် ၁၀ တန်းကျောင်းသူ သေဆုံး


ခိုနူမ်းသုန်သတင်း၊ ၂၅ ဧပြီ ၂၀၁၈

ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အမှတ်(၂) ရပ်ကွက် တီအိုချောင်း မီးလောင်မှုတွင် မီးလောင်ခံခဲ့ရသည့် အသက် (၁၇) နှစ်အရွယ် ဆယ်တန်းကျောင်းသူ Mai Ngun Siang Sin သည် ဧပြီလ ၂၄ ရက်နေ့ည ၁၁ နာရီခန့်တွင် ကလေးမြို့ Royal City ဆေးရုံတွင် သေဆုံးသွားသည်ဟု သိရသည်။


Mai Ngun Siang Sin သည် ဧပြီလ ၁၆ ရက်နေ့ မီးလောင်သည့်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဓာတ်ဆီရောင်း သည့် နေအိမ်တွင်ရောက်ရှိနေစဉ် မီးလောင်သွားခဲ့ခြင်းဖြစ်ပြီး တစ်ကိုယ်လုံးနီးပါးခန့်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ရိခေါဒါရ် မြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူပြီး ဒဏ်ရာပြင်းလွန်းသည့်အတွက် ကလေးမြို့ ၀ီစလီဆေးရုံနှင့် Royal City ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေစဉ် ယခုကဲ့သို့ ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

သူမသည် ဆယ်တန်းစာမေးပွဲဖြေဆိုထားသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ရှိမည့်အချိန်ကို စောင့်နေစဉ်တွင် ယခုကဲ့သို့အဖြစ်ဆိုးနှင့်ကြုံတွေ့ရခြင်းဖြစ်သည်။ သူမ၏ ရုပ်အလောင်းကို တီအိုချောင်းသို့ ပြန်လည်ပို့ဆောင်ပြီး ယနေ့ညနေပိုင်းတွင် ခရစ်ယာန်ထုံးတမ်းအရ မြေမြှပ်သဂြိုလ်မည်ဟု သိရသည်။

ဧပြီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် လူနေအိမ် ၈ လုံးမီးလောင်ပြာကျခဲ့ရသည်။ (Photos - Chinland Today)

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက် မီးလောင်မှုတွင် မီးလောင်ခံရသည့် ၁၀ တန်းကျောင်းသူ သေဆုံး ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက် မီးလောင်မှုတွင် မီးလောင်ခံရသည့် ၁၀ တန်းကျောင်းသူ သေဆုံး Reviewed by THITHTOOLWIN on 14:30 Rating: 5
Powered by Blogger.