ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ဓားဖြင့်တိုက်ခိုက်ခုခံ ထွက်ပြေး သူ တရားခံပြေးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


ရန်ကုန် ၊ ဧပြီ ၂၅

လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားသော အပြင်းအထန်
နာကျင်စေမှုကျူးလွန်၍ ထွက်ပြေးတိမ်း ရှောင်နေသူ သန်းထိုက်ထွေး(ခ)
နှပ်ချေးမှာ လှိုင်သာယာမြို့နယ်တွင်ရောက်ရှိနေကြောင်း သတင်းအရ
လှိုင်သာ ယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး
အဖွဲ့များမှ သွားရောက်ဖမ်းဆီးစဉ် ဓားကိုင်ဆောင် ရန်ပြုခုခံသဖြင့်
ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိကြောင်းသိရသည်။


ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၁၆၄၅ အချိန်ခန့်က လှိုင်သာယာမြို့
မရဲစခန်း (ပ)၁၄၆၂/၂၀၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၂၆အမှုဖြင့် ထွက်ပြေး
တိမ်းရှောင်နေသူ သန်းထိုက်ထွေး(ခ)နှပ်ချေး၊ (၂၃)နှစ်မှာ လှိုင်သာယာ
မြို့နယ်သို့ ရောက်ရှိလာပြီး အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်နေ ဒေါ် -----
ထံ ဖုန်းဖြင့် ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း သတင်းရရှိသဖြင့်
လှိုင်သာယာမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် သက်သေ
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်အတူ
သွားရောက်ဖမ်းဆီးရာ သန်းထိုက်ထွေး(ခ) နှပ်ချေးမှာ အသာတကြည်
အဖမ်းမခံဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တို့အား အရိုးအသွား(၁၀)
လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်ဖြင့် တိုက်ခိုက်ခုခံခဲ့ရာ ကာကွယ်ခုခံ
ပိုင်ခွင့်အရ ရဲတပ် ဖွဲ့ဝင်များက MA13 မောင်းပြန်သေနတ်ဖြင့် (၂)ချက်
ပစ်ခတ်ခဲ့ရာ သန်းထိုက်ထွေး(ခ)နှပ်ချေး၏ ဝမ်းဗိုက် ဝဲဘက်ဘေးမှ
ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ သန်းထိုက်ထွေး(ခ)နှပ်ချေးမှာ အဖမ်းမခံ
ဘဲ ဆက်လက် ထွက်ပြေးကာ အမှတ်(၅) ရပ်ကွက်၊ မြစင်္ကြာလမ်းရှိ နေအိမ်
တစ်အိမ်ပေါ်သို့ တက်ပြေးခဲ့ပြီး နေအိမ်ပေါ်ရှိ (၁၄) နှစ်အရွယ်ရှိ
မောင်ခိုင်ကြီးဆိုသူ လူငယ်တစ်ဦးအားလည်ပင်းကို ဓားဖြင့်ထောက်၍
ဓားစာခံပြုလုပ်ကာ ထွက် ပြေးရန် ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်များက
သေနတ်ဖြင့် ချိန်ရွယ်၍ အဖမ်းခံရန် သတိပေးပြောကြားခဲ့ခြင်းကြောင့်
ကိုင်ဆောင်ထားသည့် ဓားအားလွတ်ချစဉ် ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၁၇၀၀
အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ သန်းထိုက်ထွေး(ခ) နှပ်ချေးမှာ
သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် လှိုင်သာယာပြည်သူ့ ဆေးရုံမှတစ်ဆင့်
ရန်ကုန် ဆေးရုံကြီးသို့ လွဲပြောင်းပို့အပ်၍ အတွင်းလူနာအဖြစ်
ကုသလျက်ရှိကြောင်းသိရသည်။


ဖမ်းဆီးရမိသူ သန်းထိုက်ထွေး (ခ) နှပ်ချေးမှာ ဧပြီလ၂၀ ရက်နေ့က
လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်နေ ဆိုဒ်ကားနင်းသူကုလား(ခ)ဝင်းမြင့်
အားပါးရိုက်သည့် ကိစ္စကို သန့်ဇင်ဆိုသူမှ အနိုင်မကျင့်သင့်ကြောင်း
ဝင်ရောက်ဟန့်တားခဲ့သည့် ကိစ္စအပေါ်သန်းထိုက်ထွေး(ခ)နှပ်ချေးမှ
မကျေနပ်၍ သန့်ဇင်အား အသင့်ပါ လာသော စကေဘာဖြင့်ထိုးခဲ့ခြင်း
ကြောင့် သန့်ဇင်မှာ အင်းစိန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်
ကုသခဲ့ရသဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၄၆၂ / ၂၀၁၈၊ ရာဇသတ်
ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထား သည့် ထွက်ပြေးတိမ်း
ရှောင်နေသော တရားခံပြေးတစ်ဦးဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်က
ရာဇသတ်ကြီးပုဒ်မ ၃၈၆ အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့စဉ်က စစ်ပြေး
တစ်ဦးဖြစ်ကြောင်းသိရသဖြင့် သက်ဆိုင်ရာတပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ရာ
စစ်ဘက်ဥပဒေဖြင့် ထောင်ဒဏ် (၁)နှစ်ခွဲ ကျခံဖူးသူတစ်ဦးဖြစ်ကြောင်း
လည်းသိရသည်။ တရားခံပြေး သန်းထိုက်ထွေး (ခ) နှပ်ချေးအား
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ဓားဖြင့်တိုက်ခိုက်ခုခံ ထွက်ပြေး သူ တရားခံပြေးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ဓားဖြင့်တိုက်ခိုက်ခုခံ ထွက်ပြေး  သူ တရားခံပြေးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သေနတ်ဖြင့်  ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.