စဥ့်ကူးမြို့နယ်တွင် ဝါဆိုသစ်ထုတ်ရေးစခန်းမှ ဘေးမဲ့လွတ်ဆင်ကြောင့် သီးနှံစိုက်ခင်းများပျက်စီး


စဥ့်ကူး၊ ဧပြီ - ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်တွင် ဒိုးနွယ်ဝါဆိုသစ်ထုတ်လုပ်ရေးဆင်စခန်းမှ အသက်အ ရွယ်ကြီးရင့်၍ ဘေးမဲ့လွတ်ထားသောဆင်တစ်ကောင်ကြောင့် ထိုဒေသရှိတောင်သူများစိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခံရကြောင်း ဧပြီ (၁၉) ရက်နေ့က နတ်တောင်ကျေးရွာဟောင်းမှ ကျန်စိုက် တောင်သူ ဦးသိန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါဆင်သည် ဝါဆိုသစ်ထုတ်လုပ်ရေးစခန်းမှ ခိုင်းစေခြင်းမပြုတော့သည့် ဘေးမဲ့လွတ်ထား သောဆင်အိုတစ်ကောင်ဖြစ်ပြီး မာလဲ-နတ်တောင် ဆည်ရေသောက်ဒေသရှိ တောတောင်ဝန်းကျင်တို့တွင် လှည့်လည်သွားလာကျက်စားနေပြီး နတ်တောင်ကျေးရွာဟောင် ငရုတ်ချောင်းဒေသ၊ ပေါက်အိုင်ချောင်း၊ ကျောက်ကြမ်းနှင့် ကုက္ကိုအိုင်ဒေသတို့ရှိ တောင်သူများစိုက်ပျိုးထားသော စပါးစိုက်ခင်းများ ကျန်ခင်းနှင့် ငှက်ပျော်စိုက်ခင်းတို့တွင် ဝင်ရောက်စားသုံးဖျက်ဆီးခဲ့ပြီး သီးနှံနှင့်စိုက်ခင်းများ ပျက်စီးဆုံးရှုံးနှစ်နာမူများ ဖြစ်ပေါ်ခဲ့သည်။

ထို့သို့ဖြစ်ပေါ်ခဲ့မှုအပေါ် ဒေသခံကျေးရွာတောင်သူများအနေဖြင့် နောက်တဖန် ယခုကဲ့သို့ သီးနှံ စိုက်ခင်းများပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတို့က အဆိုပါအနားပေး ထားသောဘေးမဲ့လွတ်ဆင်အား ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် လိုလားလျှက်ရှိကြောင်းသိရသည်။

ဝင်းမောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စဥ့်ကူးမြို့နယ်တွင် ဝါဆိုသစ်ထုတ်ရေးစခန်းမှ ဘေးမဲ့လွတ်ဆင်ကြောင့် သီးနှံစိုက်ခင်းများပျက်စီး စဥ့်ကူးမြို့နယ်တွင် ဝါဆိုသစ်ထုတ်ရေးစခန်းမှ ဘေးမဲ့လွတ်ဆင်ကြောင့် သီးနှံစိုက်ခင်းများပျက်စီး Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.