ဓါတုလက်နက် စစ်ဆေးမည့် အရာရှိတွေ ဆီးရီးယား နဲ့ ရုရှ ခွင့်မပြုသေး


ဓာတုလက်နက်တွေ သုံးခဲ့တယ်ဆိုတဲ့နေရာတွေကို သွားရောက်ပြီး လေ့လာစစ်ဆေးဖို့ကိစ္စကို ဆီးရီးယားနဲ့ ရုရှအာဏာပိုင်တွေက ခွင့်မပေးသေးဘူးလို့ ဗြိတိသျှ စစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။

ဗြိတိန်နိုင်ငံရှိ ဓါတုလက်နက် တားဆီးရေအဖွဲ့က စစ်ဆေးရေးအရာရှိတွေက ဆီးရီးယားနိုင်ငံကို စနေနေ့က ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ရုရှားဘက်ကတော့ အဲဒီနယ်မြေမှာ သူပုန်တွေရှိတယ်ဆိုပြီး အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ အဲဒီနေရာကို ဝင်ခွင့်ပေးဖို့ နှောင်နှေးနေရတယ်လို့ ပြောပါတယ်။

Douma မြို့မှာ အခုလ ၇ ရက်နေ့က ဓာတုအဆိပ်ဓာတ်ငွေ့နဲ့ တိုကခိုက်လို့ လူ ၆၀ ထက်မနည်း သေဆုံးရတယ်လို့ အနောက်အုပ်စုက စွပ်စွဲပြီိး စနေနေ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/rfaburmese/
ဓါတုလက်နက် စစ်ဆေးမည့် အရာရှိတွေ ဆီးရီးယား နဲ့ ရုရှ ခွင့်မပြုသေး ဓါတုလက်နက် စစ်ဆေးမည့် အရာရှိတွေ ဆီးရီးယား နဲ့ ရုရှ ခွင့်မပြုသေး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.