ဓားလက်နက်ကိုင်ဆောင်သူအား မဟာသင်္ကြန်အတွင်း အထူးတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၆)လချမှတ်


ရန်ကုန်၊ ဧပြီ ၁၃

၁၃.၄.၂၀၁၈ ရက်နေ့ နံနက် ၀၂၀၀ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်၊ ရွှေသပြေ လမ်းမပေါ်တွင် အမျိုး သားတစ်ဦးမှ ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ထားဝယ် ချောင်နယ်မြေရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွား ရောက်ဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်နေ ၀င်းကျော်ကျော်၊ (၃၅)နှစ်အား အရိုးအသွား (၈) လက်မရှိ ဓားဦးချွန် တစ်ချောင်းနှင့် အတူဖမ်းဆီးရမိခဲ့သည်။

၎င်းဓားလက်နက်နှင့်အတူ တွေ့ရှိသူ ၀င်းကျော်ကျော်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း (ပ)၇၁၂/ ၂၀၁၈၊ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ (င)ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူအား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာနေ့ချင်းပြီး စစ်ဆေးပြီး အလုပ်နှင့်ထောင်ဒဏ် (၆)လ အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Yangon Police
ဓားလက်နက်ကိုင်ဆောင်သူအား မဟာသင်္ကြန်အတွင်း အထူးတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၆)လချမှတ် ဓားလက်နက်ကိုင်ဆောင်သူအား မဟာသင်္ကြန်အတွင်း အထူးတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၆)လချမှတ် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.