အိန္ဒိယနိုင်ငံ မှာ မှတ်ပုံတင်အတုတိုင်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား(၃)ဦး ဖမ်းဆီးခံရ


အိန္ဒိယနိုင်ငံ မဏိပူရမြို့ရှိ အင်ဖယ်လေဆိပ်မှာ အိန္ဒိယနိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသား(၃)ဦးကို ဖမ်းဆီးလိုက်တယ်လို့ India Today သတင်းမှာဖော်ပြထားပါတယ်။ ဒင်ခေါနူ နဲ့ ဒွန်လန်ချင်းဆိုသူ အမျိုးသမီး(၂)ဦးနဲ့ ဆီရန်မွန်ခမ်း ဆိုသူ အမျိုးသားတစ်ဦးကို လေဆိပ်မှာ check-in လုပ်နေစဉ် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

 သူတို့(၃)ဦးဟာ IndiGo လေကြောင်းလိုင်းနဲ့ ဘန်ဂလောမြို့ကို ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ တာဝန်ကျအရာရှိတွေက သူတို့(၃)ဦးဆီကနေ ယာဉ်မောင်းလိုင်စင်ကဒ်တွေကို စစ်ကြည့်ရာက မသင်္ကာတာကြောင့် စစ်ဆေးမေးမြန်းဖို့အတွက် ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

 ဒီလိုစစ်ဆေးရာမှာတော့ သူတို့တွေဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်းနဲ့ ဘန်ဂလောကို သွားရောက်ဖို့ မဏိပူရပြည်နယ်မှာ ယာဉ်မောင်းလိုင်စင်အတု လုပ်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သူတို့တွေကို လေယာဉ်ပေါ် လိုက်ပါခွင့် မပြုတော့ဘဲ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ် ။

India today
5 PLUS NEWS
https://www.facebook.com/5plusnews
အိန္ဒိယနိုင်ငံ မှာ မှတ်ပုံတင်အတုတိုင်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား(၃)ဦး ဖမ်းဆီးခံရ အိန္ဒိယနိုင်ငံ မှာ မှတ်ပုံတင်အတုတိုင်ဆောင်မှုနဲ့ မြန်မာနိုင်ငံသား(၃)ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.