ဖားပြုပ်​အကိုက်​ခံရ၍ အမျိုးသမီးတစ်​ဦး​သေဆုံး


ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်​၊ ဖျာပုံမြို့နယ်​ ၊​ ချောင်းတွင်း​ကျေးရွာအုပ်​စု၊ ရွာမ(၁) တွင်​ ဧပြီလ (၁၇)ရက်​​နေ့ မွန်​လွဲ ၃း၃၀နာရီ အချိန်​ခန့်​တွင်​ ဖားမြုပ်​ အကိုက်​ခံရ၍ အမျိုးသမီးတစ်​ဦး​သေဆုံးခဲ့​ကြောင်း သိရသည်​။

"သူ့ထမီ​အောက်​မှာ အ​ကောင်​တစ်​​ကောင်​ရှိတယ်​လို့ ​ပြောလို့ ကျွန်​​တော်​က သူ့ထမီကိုလှန်​ကြည့်​လိုက်​​တော့ ဖားတစ်​​ကောင်​ထွက်​လာတယ်​၊ ခဏ​နေ​တော့ တင်​ပါးမှာ စပ်​ဖျင်းစပ်​ဖျင်း ဖြစ်​လာတယ်​​ပြောလို့ ကြည့်​လိုက်​​တော့ ​သွေး​တွေစို့​နေပြီး ဖုလုံးနှစ်​လုံးထွက်​လာကာ ​အောင့်​တယ်​​အောင့်​တယ်​ ​ပြောလို့ ည​နေ (၄)နာရီမှာ ဖျာပုံပြည်​သူ့​ဆေးရုံကြီးသို့ ​ဆေးကုသမှုခံယူရန်​ တင်​လိုက်​တယ်​၊​ဆေးရုံမှာလည်း ​မြွေဆိပ်​​ဖြေ​ဆေး သာရှိပြီး ဖားဆိပ်​​ဖြေ​ဆေးမရှိ​သေး ​ကြောင်း ကို ဆရာမ​တွေ ​ပြောပြချက်​အရသိရပါတယ်​လို့"ခင်​ပွန်းဖြစ်​သူ ဦးဖြိုးသူရ က ​ပြောသည်​။

သေဆုံးသူ မစုစုဝင်း အသက်​ (၂၆)နှစ်​သည်​ ဧပြီလ (၁၇)ရက်​​နေ့တွင်​ ​နေအိမ်​၌ ခင်​ပွန်းနှင့်​ အတူရှိ​နေစဉ်​ ဖားပြုပ်​မှ ထမီထဲဝင်​ပြီး တင်​ပါးအား ကိုက်​ခံရ၍ ဖျာပုံ​ဆေးရုံကြီးသိုတက်​​ရောက်​ ​ဆေးကုသမှုခံယူရာမှ ဧပြီလ ၁၇ ရက်​​နေ့ ည (၇)နာရီအချိန်​ခန့်​တွင်​ ဖားအဆိပ်​တက်​၍ ​သေဆုံးခဲ့​ကြောင်းသိရသည်​။

ဖားပြုပ်​ကိုက်​ခံခဲ့ရ၍ ​မသေဆုံးမှီ ရင်​ပူခြင်း၊​အော့အန်​ခြင်း၊​ခေါင်းမူး၊မျက်​စိပြာ၊နာ​ခေါင်းအဝမှ အမြှုပ်​က​လေးထွက်​ခြင်းများလည်း ရှိခဲ့​ကြောင်း သိရသည်​။

ကျော်​စိုးမိုး (ဖျာပုံ)
The Public Image
ဖားပြုပ်​အကိုက်​ခံရ၍ အမျိုးသမီးတစ်​ဦး​သေဆုံး ဖားပြုပ်​အကိုက်​ခံရ၍ အမျိုးသမီးတစ်​ဦး​သေဆုံး Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.