မလေးရှားမှာ တရုတ်ကတင်သွင်းတဲ့ ငါးသေတ္တာဘူးတွေအတွင်း တီကောင်သေတွေ တွေ့ ရှိ


မလေးရှားနိုင်ငံမှာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဆာဒင်းငါးသေတ္တာဘူး တွေအတွင်း တီကောင်အသေတွေ တွေ့ရှိခဲ့တာကြောင့် ငါးသေတ္တာဘူး တွေကို ပြန်လည်သိမ်းယူနေရတယ်လို့ CNA သတင်းမှာ ဖော်ပြထား ပါတယ်။ တရုတ်ကုမ္ပဏီ (၂) ခုက ထုတ်လုပ်ခဲ့တဲ့ ငါးသေတ္တာ အမှတ် တံဆိပ် (၂) ခုမှာ အခုလို တီကောင်အသေတွေ တွေ့ရှိခဲ့တာပါ။

 TL Tan Lung Canned Sardines နဲ့ TLC Sardines ငါးသေတ္တာ အမှတ်တံဆိပ် တွေဖြစ်ပြီး မလေးရှားနိုင်ငံရဲ့ ကျန်းမာရေး ၀န်ကြီးဌာနက ကျွမ်းကျင်သူ တွေက ဓါတ်ခွဲစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ လောလော ဆယ်မှာတော့ နိုင်ငံတစ်ဝှမ်းမှာ ပြည်ပကတင်သွင်းလာတဲ့ ငါးသေတ္တာဘူး တွေကို အနီးကပ် စောင့်ကြည့်ပြီး စစ်ဆေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။


 မလေးရှား ကျန်းမာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အခု တီကောင်အသေတွေ တွေ့ရှိတယ်ဆိုတဲ့ ငါးသေတ္တာ အမှတ်တံဆိပ် (၂) မျိုးဟာ (၁၉၈၃) ခုနှစ် အစားအစာ အက်ဥပဒေကို လိုက်နာမှု မရှိကြောင်းတွေ့ရှိမယ်ဆိုရင် အရေးယူသွားမယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 အရင်ကလည်း အင်ဒိုနီးရှား နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေး အေဂျင်စီဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဆာဒင်း ငါးသေတ္တာအမှတ်တံဆိပ် (၃) မျိုးမှာ တီကောင် အသေတွေပါဝင်နေတာကြောင့် ငါးသေတ္တာဘူးတွေကို ပြန်လည်သိမ်းယူဖို့ အမိန့်ထုတ်ပြန်ခဲ့ဖူးပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
မလေးရှားမှာ တရုတ်ကတင်သွင်းတဲ့ ငါးသေတ္တာဘူးတွေအတွင်း တီကောင်သေတွေ တွေ့ ရှိ မလေးရှားမှာ တရုတ်ကတင်သွင်းတဲ့ ငါးသေတ္တာဘူးတွေအတွင်း တီကောင်သေတွေ တွေ့ ရှိ Reviewed by THITHTOOLWIN on 12:36 Rating: 5
Powered by Blogger.