မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက် (၃)ဦးသေဆုံး (၂၄)ဦး ဒဏ်ရာရ

မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက်
မူဆယ်၊ ဧပြီ ၃၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့်ကွတ်ခိုင်မြို့ကြား၊ မိုင်တိုင်အမှတ် (၂၃၆) ပြည်ထောင်စုလမ်း၊ နမ့်ဖတ်လွန်းကျေးရွာအနီးတွင် လားရှိုးဘက်မှ မူဆယ်သို့ မောင်းနှင်လာသော Express မှန်လုံယာဉ်သည် ယနေ့ နံနက် ၇နာရီ ၄၀မိနစ် အချိန်က တိမ်းမှောက်သွားကြောင်း သိရသည်။


ခရီးသည် ကျား(၂)ဦး၊မ (၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ ခရီးသည်(၂၄)ဦးအား ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ အတွင်းလူနာအဖြစ် သယ်ဆောင်ကုသလျက်ရှိကြောင်း သိရှိရပါသည်။

မူဆယ်၊ ခရိုင်(ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက် (၃)ဦးသေဆုံး (၂၄)ဦး ဒဏ်ရာရ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းပေါ်၌ ခရီးသည်တင်ယာဉ်တိမ်းမှောက် (၃)ဦးသေဆုံး (၂၄)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.