အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် ထိတ်လန့်မှုမရှိစေရန် သတိပေး

မီးလောင်နေသော အမှိုက်ပုံအား မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

    လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် စိုးရိမ်ထိတ်လန့်မှုမရှိစေရန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတိပေးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံသည် ဧရိယာစတုရန်းဧက ၃၀၀ခန့်ရှိပြီး ဧပြီ ၂၁ ရက် နေ့လည် ၁၂နာရီ ၃၀မိနစ်က စတင်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဧရိယာစတုရန်းဧက ၁၀၀ခန့် မီးလောင်နေခြင်းကြောင့် မီးခိုးများ အဆမတန်ထွက်ရှိနေပြီး အဆိုပါမီးခိုးများသည် လေလမ်းကြောင်းအတိုင်းလိုက်ပါစီးမျောကာ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်များတွင် မီးခိုးညှော်နံ့များ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။ယင်း အမှိုက်ပုံ မီးလောင်နေမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁၂စီး၊ မီးသတ်ရေသယ်ယာဉ် ၁၂စီး၊ စုစုပေါင်း မီးသတ်ယာဉ် ၂၄စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀ဦးဖြင့် ကြိုးစားငြှိမ်းသတ်နေကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် ထိတ်လန့်မှုမရှိစေရန် သတိပေး အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် ထိတ်လန့်မှုမရှိစေရန် သတိပေး Reviewed by THITHTOOLWIN on 15:21 Rating: 5
Powered by Blogger.