မီးလောင်မှုကြောင့် အဆောက်အဦး ၈ လုံး မီးလောင်ကျွမ်းပြီး လူတစ်ဦး ဒဏ်ရာရရှိ


ရိခေါဒါရ် ဧပြီ ၁၆

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ မြန်မာ-အိန္ဒိယနယ်စပ် တံတား အနီးရှိ လူနေအိမ် (၈)လုံး ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။


အဆိုပါ မီးလောင်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဌာနပိုင် နံကပ်နှစ်ထပ် အဆောက်အဦး (၁)လုံး၊ လူနေအိမ် နံကပ်နှစ်ထပ် အဆောက်အဦး (၅)လုံး၊ လူနေအိမ် တစ်ထပ် အဆောက်အဦး (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး မငွန်ရှန်းစီ အသက် (၁၇)နှစ်မှာ ပြင်းထန် ဒဏ်ရာ ရရှိ၍ ရိခေါဒါရ် တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး ကုသပေးလျက်ရှိသည်။


မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရိခေါဒါရ်တပ်စခန်းမှ ရှေ့တန်းတပ်ရင်း ခလရ (၂၆၈)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကြည်ဇော်ချို အပါအဝင် အရာရှိ (၄)ဦး၊ တပ်ဖွဲ့ဝင် (၁၀)ဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ့်ခိုင်၊ မီးသတ် ဦးစီးမှူး ဦးအောင်ကိုလတ် အပါအဝင် တပ်ဖွဲ့ဝင် (၆)ဦး၊ မီးသတ် ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ များ နှင့် ရပ်ကွက်လူငယ်ပြည်သူ အင်အား (၂၀၀)ခန့် ဖြင့် မီးငြိမ်းသတ်ခဲ့၍ ညနေ ၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရိခေါဒါရ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မီးလောင်မှုကြောင့် အဆောက်အဦး ၈ လုံး မီးလောင်ကျွမ်းပြီး လူတစ်ဦး ဒဏ်ရာရရှိ မီးလောင်မှုကြောင့် အဆောက်အဦး ၈ လုံး မီးလောင်ကျွမ်းပြီး လူတစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.