အာဖဂန်ဗုံးပေါက်ကွဲမှု မှတ်တမ်းယူနေတဲ့ ဓာတ်ပုံသမားအပါဝင် ၂၅ ဦးသေဆုံး


အာဖဂန်နစ္စတန်ရဲ့မြို့တော် ကဘူးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၅ ယောက်သေဆုံးပြီး အဲ့ဒီဖြစ်စဉ်ကို မှတ်တမ်းတင်နေတဲ့ သတင်းသမားတွေလည်း ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုမှာ အေအက်ဖ်ပီ သတင်းဌာနရဲ့ ဓာတ်ပုံ သတင်းထောက်ချုပ် ရှာမရွိုင်းလည်း
သေဆုံးခဲ့ပါတယ်။

ပထမဆုံးပေါက်ကွဲမှုကို မော်တော်ဆိုင်ကယ်စီးလာသူက ဖောက်ခွဲခဲ့တာဖြစ်ပြီး ၁၅ မိနစ်ကြာ
ပြီး အဲ့ဒီနေရာမှာ သတင်းထောက်တွေနဲ့ လူစုလူဝေး ရောက်ရှိနေစဉ်မှာပဲ နောက်ထပ်ပေါက်ကွဲခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို အိုင်အက်စ်တွေကတော့ သူတို့လက်ချက်လို့ပြောဆိုထားပါတယ်။

အေအက်ဖ်ပီ သတင်းဌာနကတော့ ဒုတိယပေါက်ကွဲမှုဟာ သတင်းထောက်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာဖြစ်တယ်လို့ ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/BBCnewsBurmese
အာဖဂန်ဗုံးပေါက်ကွဲမှု မှတ်တမ်းယူနေတဲ့ ဓာတ်ပုံသမားအပါဝင် ၂၅ ဦးသေဆုံး အာဖဂန်ဗုံးပေါက်ကွဲမှု မှတ်တမ်းယူနေတဲ့ ဓာတ်ပုံသမားအပါဝင် ၂၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.