လှေစီးဒုက္ခသည်တွေတားနိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရ


သြစတြေးလျနိုင်ငံမှာ ခိုလှုံနေထိုင်ခွင့်ရဖို့ တရားမဝင်ရောက်လာတဲ့သူတွေကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ ထိရောက်အောင် တားဆီးဆောင်ရွက်ထားနိုင်တဲ့အတွက် အဲဒီစစ်ဆင်ရေးကိုကွပ်ကဲနေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အန်းဂတ်စ် ကမ်းပဲလ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကို တန်းဘူးလ် ကပြောလိုက်ပါတယ်။

သူ့ကို ဇူလိုင်လမှာစပြီးခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး အန်းဂတ်စ်ရဲ့ ဆောင်ရွက်ချက်ကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကစလို့ သြစတြေးလျကို ခိုးဝင်လာတဲ့သူမရှိတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းစနစ်တွေ ကျင့်သုံးခဲ့လဲဆိုတာတော့ အစိုးရက ထုတ်ဖေါ်ပြောဆိုတာမရှိပါဘူး။

ဝန်ကြီးချုပ် မဲလ်ကို တန်းဘူးလ်ဟာ ၂၀၁၅ ခုနှစ်မှာ စစ်တပ်အကြီးအကဲဖြစ်လာခဲ့ပါတယ်။ သူ့ကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့စစ်ရေးတည်ဆောက်မှုကို စိုးရိမ်မှုရှိလားဆိုတဲ့မေးခွန်းကိုတော့ သူက ဖြေဆိုဖို့ငြင်းပယ်ထားပြီး၊ တရုတ်နဲ့သြစတြေးလျဟာ အလွန်ကိုအပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိတယ်လို့ပဲ ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

လှေစီးဒုက္ခသည်တွေတားနိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရ လှေစီးဒုက္ခသည်တွေတားနိုင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.