အိန္ဒိယတွင် ကျောင်းကားနှင့်ရထားတိုက် ၊ ကလေးငယ် ၁၃ ဦးသေဆုံး

PHOTO- BBC
နယူးဒေလီ၊ ဧပြီ ၂၆ ။

ယနေ့ (ဧပြီလ ၂၆ ရက်) က အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ ကျောင်းကားတစ်စင်းနဲ့ ရထားတစ်စင်းတိုက်မိခဲ့တာကြောင့် ကျောင်းကားပေါ်ပါလာတဲ့ ကလေးငယ် ၁၃ ဦးသေဆုံးခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။

ကျောင်းကားဟာ ရထားလမ်းကို ဖြတ်ကူးနေတုန်း အခုလိုတိုက်မိခဲ့တာလို့ ရဲကပြောပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်း အရင်းကို စုံစမ်းဖို့နဲ့ သေဆုံးသွားတဲ့ကလေးငယ်တွေအတွက်လျော်ကြေးပေးဖို့ ပြည်နယ် အစိုးရက ညွှန်ကြားထားပါတယ်။

ဒီမတော်တဆမှုဟာ ပြည်နယ်မြို့တော် Lucknow ရဲ့ အရှေ့တောင်ဖက် ၁၂၅ မိုင် အကွာမှာရှိတဲ့ Kushinagar မြို့ အနီးမှာဖြစ်ခဲ့တာလို့ .khaleejtimes.သတင်းမှာဖော်ပြပါတယ်။ အခြား ကျောင်းသား ၁၂ ဦးလည်းဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲမှာယာဉ်မောင်းဖြစ်သူလည်းပါဝင်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက် အနည်းငယ်ကလည်း Himachal Pradesh ပြည်နယ်မှာ ဘတ်စ်ကားတစ်စင်းချောက်ထဲကျခဲ့တာကြောင့် ကလေးငယ် ၂၄ ဦးသေဆုံးခဲ့ရပါတယ်။

ကိုမျိုး
The Asia Heart News
အိန္ဒိယတွင် ကျောင်းကားနှင့်ရထားတိုက် ၊ ကလေးငယ် ၁၃ ဦးသေဆုံး အိန္ဒိယတွင် ကျောင်းကားနှင့်ရထားတိုက် ၊ ကလေးငယ် ၁၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 14:24 Rating: 5
Powered by Blogger.