သေဆုံးအီတလီနိုင်ငံသူ အသတ်ခံရတာ ဟုတ်၊ မဟုတ် စစ်ဆေးမည်


ပါကစ္စတန်နိုင်ငံမှာ သေဆုံးခဲ့တဲ့ အီတလီနိုင်ငံသူတဦးရဲ့အလောင်းကို အသတ်ခံရတာ ဟုတ်မဟုတ် စစ်ဆေးဖို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြန်လည်ဖော်ယူခဲ့ပါတယ်။

ဂူဂျာာရတ်ပြည်နယ်က မြို့တမြို့မှာ အီတလီနိုင်ငံသူအဖြစ် ခံယူထားသူ အသက် အစိတ်ဝန်းကျင် ဆာနာ ချီးမား အမည်ရှိ အမျိုးသမီးတဦးကို ဖခင်ဖြစ်သူက အိမ်ထောင်ချပေးဖို့ ပြန်ခေါ်လာရာမှာ၊ အမျိုးသားဘက်က လက်ထပ်ဖို့ အစီအစဉ် ဖျက်သိမ်းလိုက်တဲ့အတွက်၊ ဆာနာ ချီးမား ဟာ မစားမသောက်၊ ဖျားနာပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အီတလီသတင်းစာတွေကတော့ ချီးမားဟာ မိသားစုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး၊ အီတလီက အမျိုးသားတဦးနဲ့သာ လက်ထပ်လိုတာကြောင့် မိသားစုဝင်တွေက ဂုဏ်သိက္ခာအတွက် သတ်ပစ်လိုက်တာဖြစ်ကြောင်း ရေးသားကြပါတယ်။

ဒါကြောင့် ပါကစ္စတန် ရဲတပ်ဖွဲ့က ချီးမား ရဲ့အလောင်းကို စစ်ဆေးဖို့ ပြန်လည်ဖော်ယူခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်က ရှေးရိုးအစွဲပြင်းထန်တဲ့နေရာတွေမှာ နှစ်စဉ် ရာနဲ့ချီတဲ့ အမျိုးသမီးတွေ မိသားစုဂုဏ်သိက္ခာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသတ်ခံနေကြရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သေဆုံးအီတလီနိုင်ငံသူ အသတ်ခံရတာ ဟုတ်၊ မဟုတ် စစ်ဆေးမည် သေဆုံးအီတလီနိုင်ငံသူ အသတ်ခံရတာ ဟုတ်၊ မဟုတ် စစ်ဆေးမည် Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.