အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် AFP ဓာတ်ပုံသတင်းထောက်ချုပ်နဲ့ တခြားသတင်းဌာနတွေက သတင်းထောက် သုံးဦး သေဆုံး


၃၀ ဧပြီ

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့မှာ ဖြစ်ခဲ့တဲ့ မိနစ်ပိုင်း အနည်းငယ်သာခြားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း၊ အဲဒီထဲမှာ AFP ဓာတ်ပုံသတင်းထောက်ချုပ်နဲ့ တခြား သတင်းဌာနတွေက သတင်းထောက် သုံးဦး သေဆုံးမှုမှာ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးက AFP သတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။

ဝန်ကြီးရဲ့ ပြောခွင့်ရသူက ဒဏ်ရာရသူ ၂၇ ဦးရှိပါတယ်။ အဲဒီထဲမှ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့သူတွေ ပါသေးတဲ့အတွက် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း အာဖဂန်နိုင်ငံရဲ့ ပုဂ္ဂလိက အကြီးဆုံး ရုပ်မြင်သံကြား Tolo ကို ပြောကြားသွားပါတယ်။

ကာဘူး ရဲဌာနရဲ့ ပြောခွင့်ရသူက မိနစ်ပိုင်းအနည်းအတွင်း ထပ်မံပေါက်ကွဲတဲ့ ဗုံးဟာ ခွဲနေရာမှာရှိတဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားတဲ့ပုံရှိတယ်။ ဗုံးဖောက်ခွဲတဲ့သူဟာ သတင်းထောက် အယောင်ဆောင် ထားသူဖြစ်ပြီး လူကြားထဲမှာ သူဟာသူ စနက်တံကို ဖြုတ်ပစ်ခဲ့တာပါလို့ ပြောပါတယ်။

အခုဗုံးခွဲတဲ့ ကိစ္စကို ဘယ်အဖွဲ့စည်းကမှ တာဝန်ရှိကြောင်း ထုတ်ပြန်ခြင်းမျိုး မရှိသေးပါဘူး။

ကိုးကား-AFP
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် AFP ဓာတ်ပုံသတင်းထောက်ချုပ်နဲ့ တခြားသတင်းဌာနတွေက သတင်းထောက် သုံးဦး သေဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် AFP ဓာတ်ပုံသတင်းထောက်ချုပ်နဲ့ တခြားသတင်းဌာနတွေက သတင်းထောက် သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.