စိန့်မာတင်ကျွန်းခေါ် အုန်ကျွန်းတွင် WY စိတ်ကြွဆေးပြား ၅ သိန်းဖမ်းမိ

စိန့်မာတင်ကျွန်းခေါ် အုန်ကျွန်းတွင် WY စိတ်ကြွဆေးပြား ၅ သိန်းဖမ်းမိ
နိရဉ္စရာ၊ မတ် ၁၀

နတ်မြစ်ဝတွင် တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအပိုင် စိန့်မာတင်ကျွန်း (ရခိုင်အခေါ် အုန်းကျွန်းတွင်) ယနေ့ နံနက် ၆ နာရီ အချိန်က WY စိတ်ကြွဆေးပြား ၅ သိန်း ဖမ်းမိခဲ့သည်ဟု Cox’sbazar News တွင် သတင်းဖော်ပြသည်။

၎င်းစိတ်ကြွဆေးပြားများကို သတင်းအရ ကမ်းခြေစောင့်တပ်ဖွဲ့မှ သွားရောက်ရှာဖွေရာမှ ပင်လယ် ကဗွီးပင်များ ပေါက်ရောက်နေသည့် တောအုပ်တစ်ခုမှ ရှာဖွေရရှိခဲ့သည်ဟု ဘင်္ဂလာကမ်းခြေစောင့် တပ်ဖွဲ့တပ်မှူး ဖွန်ဇူလ် အစ္စလာမ်က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းဆေးပြားများကို ဂုံနီအိတ်များတွင် ထည့်၍ တွေ့ရှိခဲ့ပြီးနောက် တက်ကနက် ရဲစခန်းသို့ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
စိန့်မာတင်ကျွန်းခေါ် အုန်ကျွန်းတွင် WY စိတ်ကြွဆေးပြား ၅ သိန်းဖမ်းမိ စိန့်မာတင်ကျွန်းခေါ် အုန်ကျွန်းတွင် WY စိတ်ကြွဆေးပြား ၅ သိန်းဖမ်းမိ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.