မူဆယ်​မြို့နယ်မှာ (၂၂)ဘီးယာဉ်​နှင့် ဘီးဂိုး(Vigo)နှစ်​စီး ယာဉ်​တိုက်​မှုဖြစ်

မူဆယ်​မြို့နယ် ​​မော်​​တောင်းနှင့် သာလုံ​ကျေးရွာကြား ပြည်​​ထောင်​စုလမ်းမကြီး​ပေါ်၌ (၂၂)ဘီးယာဉ်​နှင့် ဘီးဂိုး(Vigo)နှစ်​စီး ယာဉ်​တိုက်​မှုဖြစ်
မူဆယ်​ မတ်​ ၆

ရှမ်းပြည်​နယ်​(​မြောက်ပိုင်း)မူဆယ်​မြို့နယ်​​မော်​​တောင်း​ကျေးရွာနှင့်​ သာလုံ​ကျေးရွာကြားပြည်​​ထောင်​စုလမ်းမကြီး​ပေါ် ၌ မတ်​(၆)ရက်​ မွန်းလွဲ(၂း၃၀)နာရီအချိန်​ခန့်​ ယာဉ်​တိုက်​မူ့ဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာရှမ်းပြည်​နယ်​​​မြောက်​ပိုင်း​ကျောက်​မဲမြို့နယ်​ပန်​​လော့​ကျေးရွာ​နေ စိုင်းသန်းထွန်းအသက်​(၂၀)နှစ်​မှတ်​ပုံတင်​အမှတ်​ ၁၃/မငန(နိုင်​) ၀၀၉၂၁၀ပ​လောင်​/ဗုဒ္စ​ ​မောင်းနှင်​လာသည့်​ ယာဉ်​အမှတ်​SHN/2M------ ​နောက်​တွဲအမှတ်​ 1TLR------- SCANLA စကင်​နီယာ အဖြူ​ရောင်​ယာဉ်​သည်​တ်​(၅)ရက်​​နေ့တွင်​​နောင်​ချိုအင်း ၀ိုင်း ဆင်း​ရွှေလီသိကြားစက်​ရုံမှ သိကြားများတင်​​ဆောင်​ပြီး​မောင်းနှင်​ လာစဉ်​ မူဆယ်​မြို့နယ်​​သာလုံ​ကျေးရွာနှင့်​​မော်​​တောင်း​ကျေးရွာကြားပြည်​​ထောင်​စုလမ်းမကြီး​ပေါ်မိုင်​တိုင်​အမှတ်​ ၂၆၇/၇အနီးတွင်​မူဆယ်​ဘက်​မှ​မောင်းနှင်​လာ​သော ယာဉ်​အမှတ်​MDY/9I-8937 VIGO အဖြူ​ရောင်​(လိုင်​စင်​) စီစစ်​ဆဲယာဉ်​သည်​ ​မော်​​တောင်း​ကျေးရွာနှင့်​ သာလုံ​ကျေးရွာအ​ရောက်​မိုင်​တိုင်​အမှတ်​ ၂၆၇/၇အနီးအ​ရောက်​​ရှေ့မှ​မောင်းနှင်​​သော(၁၂)ဘီး
ယာဉ်​ကို​ကျော်​တက်​​နေစဉ်​၀င်​​ရောက်​တိုက်​မိခဲ့​ကြောင်းသိရသည်​။

အဆိုပါယာဉ်​နှစ်​စီးတိုက်​မိခဲ့သည့်​​နေရာသို့ မူဆယ်​မြို့ယာဉ်​ထိန်းအဖွဲ့မှဒုရဲအုပ်​သီဟ​အောင်​ဦးစီးအဖွဲ့နှင့်​ နှမ့်​​ပေါ်တံတားတာဝန်​ကျ ယာဉ်​ထိန်းအဖွဲ့မှ ယာဉ်​ထိန်းတပ်​ကြပ်​ ​ဝေသက်​​အောင်​ဦးစီးအဖွဲ့များ၊ နှမ့်​ခမ်းမြို့မပြည်​သူ့စစ်​ဋ္ဌာနချူ ပ်​မှ တပ်​ဖွဲ့ဝင်​များ၊ (၁၀၅)မိုင်​ပါရမီလူမူ့ကူညီ​ရေးအသင်းသား/သူများ​ရောက်​ရှိ့လာပြီး.ကြည့်​ရူ့စစ်​​ဆေးသည့်​အခါ ယာဉ်​တိုက်​မူ့​ကြောင့်​ ဘီဂိုး(VIGO)အဖြူ​ရောင်​ယာဉ်​​မှာ ​ခေါင်းပိုင်းကျိုး​ကျေပျတ်​စီးခြင်း၊​လေကာမှန်​များကွဲ​ကျေပျတ်​စီးခြင်းနှင့်​ (၂၂)ဘီးယာဉ်​ ​ခေါင်း​အောက်​ပိုင်း ဘထ္ထရီအိုးအထိုင်​နှင့်​​လေအိုးပိုင်းပျတ်​စီးသွားခြင်းနှင့်​ ဘီးဂိုး​ပေါ်တွင်​ယာဉ်​​မောင်းအပါ စုစု​ပေါင်း(၃)ဦးပြင်းထန်​ဒဏ်​ရာများရရှိ့သွား​သော​ကြောင့်​ (၁၀၅)မိုင်​ပါရမီအသင်းကားဖြင့်​ မူဆယ်​ခရိုင်​ပြည်​သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်​​ပေးခဲ့​ကြောင်းသိရပြီး ယာဉ်​တိုက်​မူ့ဖြစ်​စဉ်​နှင့်​ပါတ်​သက်​ပြီး တာဝန်​ရှိယာဉ်​ထိန်းအဖွဲ့မှဆက်​လက်​စစ်​​ဆေး​ဆောင်​ရွက်​မူ့များပြုလုပ်​ပြီးဥပ​ဒေအတိုင်းအ​ရေးယူ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

သတင်းနှင့်​ဓာတ်​ပုံ သန့်ဇင်​-မူဆယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူဆယ်​မြို့နယ်မှာ (၂၂)ဘီးယာဉ်​နှင့် ဘီးဂိုး(Vigo)နှစ်​စီး ယာဉ်​တိုက်​မှုဖြစ် မူဆယ်​မြို့နယ်မှာ (၂၂)ဘီးယာဉ်​နှင့် ဘီးဂိုး(Vigo)နှစ်​စီး ယာဉ်​တိုက်​မှုဖြစ် Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.