Sufi ဘုရားကျောင်းတာဝန်ခံကို သတ်ခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက် ၇ ဦးကို သေဒဏ်ချ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က Sufi ဘုရားကျောင်းတာဝန်ခံကို သတ်ခဲ့တဲ့အမှုနဲ့ အစ္စလာမ္မစ် အစွန်းရောက် ၇ ဦးကို တနင်္ဂနွေနေ့က အထူးတရားရုံးက သေဒဏ်အပြစ်ပေးလိုက်ပါတယ်။

ဖမ်းမိထားသူ တရားခံ ၆ ဦး သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်း Rangpur မြို့ အထူးတရားရုံးက သေဒဏ်အပြစ်ပေးလိုက်ပြီး လွတ်မြောက်နေသူတဦးကို မျက်ကွယ်မှာ သေဒဏ်ချလိုက်တာဖြစ်တယ်လို့ တရားလို ရှေ့နေက ပြောပါတယ်။

အကြမ်းဖက်အဖွဲ့ထဲက နှစ်ဦးကတော့ အခင်းဖြစ်ပွားချိန်က လုံခြုံရေးအဖွဲ့တွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

တရားခံတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျမာရက်တူ မူဂျာဟီတင် JMB အဖွဲ့က ဖြစ်ကြပြီး ပြည်တွင်းမှာ ပေါက်ဖွားလာတဲ့ အကြမ်းဖက်အဖွဲ့ကဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ သူတို့နိုင်ငံမှာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့အဖွဲ့မရှိဘူးလို့ အမြဲငြင်းဆိုလေ့ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Sufi ဘုရားကျောင်းတာဝန်ခံကို သတ်ခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက် ၇ ဦးကို သေဒဏ်ချ Sufi ဘုရားကျောင်းတာဝန်ခံကို သတ်ခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက် ၇ ဦးကို သေဒဏ်ချ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.