ပလောက်မြို့၌ PTC ၀န်ထမ်းတစ်ဦး ဓါတ်လိုက်၍ သေဆုံး


ပလောက် မတ် ၁၉ ရက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၌ Transformer Fuse ပြတ်၍ ပြင်ဆင်ရာမှ PTC ၀န်ထမ်းတစ်ဦး ဓါတ်လိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။

မီးစက်(စက်ရုံမှူး) တာဝန်ထမ်းဆောင်နေသည့် PTC ၀န်ထမ်း စိုင်းမောင်ဟိန်း(ခ)ရှမ်းလေး(၂၈)နှစ်သည် မတ်လ ၁၈ ရက်က ပလောက်မြို့အမှတ်(၁)ရပ်ကွက် ရဲစခန်း၏ ညာဘက်ရှိ Transformer Fuse ပြတ်၍ ပြင်ဆင်ရာမှ ဓါတ်လိုက်သေဆုံးခဲ့သည်။


အဆိုပါ သေဆုံးသူအား ပလောက်မြို့ပြည်သူ့ဆေးရုံသို့ သယ်ယူပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ်စစ်ဆေး၍ နယ်မြေရဲစခန်းမှ ရဲအုပ် အောင်ဇော်မင်းထွန်းမှ တရားလိုပြု၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ဦး(ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပလောက်မြို့၌ PTC ၀န်ထမ်းတစ်ဦး ဓါတ်လိုက်၍ သေဆုံး ပလောက်မြို့၌ PTC ၀န်ထမ်းတစ်ဦး ဓါတ်လိုက်၍ သေဆုံး Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.