ကျင်းပနေသည့် ရခိုင်လွှတ်တော်တွင် စည်ပင်ဝန်ကြီးအဖြစ် တောင်ကုတ် NLD အမတ် ဦးဝင်းမြင့်ကို အဆိုတင်ရန် အခြေအနေရှိ

(မတ်လ ၆ ရက်နေ့က စတင်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်)
နိရဉ္စရာ၊ မတ် ၆

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ အကြိမ် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် တောင်ကုတ်မြို့နယ် NLD ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးနေရာတွင် ခန့်အပ်ရန် ပြည်နယ် အစိုးရမှ အဆိုတင်မည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ဦးအောင်ကျော်ထွီးက “ မတ်လ ၇ ရက်နေ့မှာ တောင်ကုတ်မြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို စည်ပင် ၀န်ကြီး အဖြစ် အဆို တင်မယ်လို့ သိရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ယခင်စည်ပင်ဝန်ကြီး ဦးမင်းအောင်အား နိုင်ငံတော် သမ္မတမှ တာဝန်မှ ရပ်စဲလိုက်ပြီးနောက် စည်ပင်ဝန်ကြီးနေရာ လစ်လပ်နေရာ ယင်းနေရာတွင် စည်ပင်ဝန်ကြီး အဖြစ် ဦးဝင်းမြင့်အား ရခိုင်ပြည်နယ် အစိုးရမှ အဆိုတင်သွင်းရန် စီစဉ်နေခြင်း ဖြစ်သည်။

“ ANP ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဦးဝင်းမြင့်ကို စည်ပင်ဝန်ကြီး အဖြစ်တင်သွင်းလာရင်လည်း ကန့်ကွက်မယ်လို့တော့ မကြားရပါဘူး။ ထောက်ခံသလား မေးတော့ အဲသလိုလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ လုပ်ငန်းတွေကိုဘဲ စောင့်ကြည့်သွားမှာပါ” ဟု ပြောဆိုသည်။

ယခင် စည်ပင်ဝန်ကြီး တာဝန်မှ ရပ်စဲခံလိုက်ရသူ ဦးမင်းအောင်နှင့် ယခု အသစ်ခန့်အပ်မည့် ဦးဝင်းမြင့်တို့မှာ တောင်ကုတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည်။

Narinjara
https://www.facebook.com/Narinjara
ကျင်းပနေသည့် ရခိုင်လွှတ်တော်တွင် စည်ပင်ဝန်ကြီးအဖြစ် တောင်ကုတ် NLD အမတ် ဦးဝင်းမြင့်ကို အဆိုတင်ရန် အခြေအနေရှိ ကျင်းပနေသည့် ရခိုင်လွှတ်တော်တွင် စည်ပင်ဝန်ကြီးအဖြစ် တောင်ကုတ် NLD အမတ် ဦးဝင်းမြင့်ကို အဆိုတင်ရန် အခြေအနေရှိ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.