ပြင်သစ်တောင်ပိုင်း တိုက်ခိုက်မှု IS လက်ချက်လို့ဆို


ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက Trebes မြို့က စူပါမားကက်တခုမှာ ဓားစာခံဖမ်းစီးမှု အတွင်း လူ၃ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ရဲကအသေဖမ်းမိတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်၊၊

သေနတ်သမားရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်ဝါဒအခြေခံတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆနိုင်ကြောင်း ပြင်သစ်သမ္မတ Emmanual Macron ကမှတ်ချက်ချခဲ့ပြီးနောက် IS စစ်သွေးကြွအဖွဲ့က သူတို့လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ကို ဆန့်ကျင်တဲ့ နိုင်ငံတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးအတွက် သူတို့ စစ်သည်တယောက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်ရှိ သေနတ်သမားကဟာ အသေးစားပြစ်မှုတွေကျူးလွန်ခဲ့ဖူးလို့ စောင့်ကြည့်ခံနေရသူဖြစ်ပေမဲ့ အန္တရာယ်ရှိတဲ့ အကြမ်းဖက်သမားတယောက်လို့ သံသယမဝင်ခဲ့ဘူးလို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ် က လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရပြီးနောက် IS စစ်သွေးကြွတို့ရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေရှိနေတာကြောင့် အထူးသတိနဲ့ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပြင်သစ်တောင်ပိုင်း တိုက်ခိုက်မှု IS လက်ချက်လို့ဆို ပြင်သစ်တောင်ပိုင်း တိုက်ခိုက်မှု IS လက်ချက်လို့ဆို Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.