သီရိလင်္ကာနိုင်ငံတွင် Facebook သုံးစွဲခွင့်ပိတ်

PHOTO – INDIA EXPRESS
ကိုလံဘို၊ မတ် ၇ ။

ဆင်ဟာလီ လူမျိုး ဗုဒ္ဓဘာသာဝင် အချို့နဲ့ မွတ်စလင်ဘာသာဝင်အချို့ရဲ့ ပဋိပက္ခကြောင့် သီရိလာင်္ကာနိုင်ငံမှာ ယနေ့၊ မတ်လ ၇ရက်နေ့ကစလို့ Facebook ၊ အပါအ၀င် အွန်လိုင်းသုံးစွဲမှုအချို့ကိုအစိုးရကပိတ်ပင်လိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားခြင်းမရှိစေဖို့ အခုလိုပိတ်ပင်တာလို့ဆိုပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေကြောင့် နိုင်ငံကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ မတ်လ ၆ ရက်နေ့ကစလို့ ၁၀ ရက်ကြာ အရေးပေါ်အခြေအနေကြေညာတာဖြစ်ပါတယ်။

မတ်လ ၄ ရက်နေ့က စတင်ပြီး သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန္ဒီမြို့ နဲ့ပတ်ဝန်းကျင်မှာ ပဋိပက္ခတွေဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ လေးဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ဝင်သုံးဦးလည်းဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အရပ်သား ဘယ်နှဦးဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ သက်ဆိုင်ရာကထုတ်ပြန်ုခြင်းမရှိပါဘူး။ပဋိပက္ခတွေနဲ့စပ်လျဉ်းတဲ့ လူ ၇ ဦးကိုလည်း ထိန်းသိမ်းထားတယ်လိုရိုက်တာသတင်းမှာဖော်ပြပါတယ်။

ကိုမျိုး
The Asia Heart News
သီရိလင်္ကာနိုင်ငံတွင် Facebook သုံးစွဲခွင့်ပိတ် သီရိလင်္ကာနိုင်ငံတွင် Facebook သုံးစွဲခွင့်ပိတ် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.