CCTVသုံးသည့် ပလပ်ခုံမှ မီးလောင်မှုဖြစ်၊ ကျပ်သိန်း(၃၀)ကျော်ခန့်ဆုံးရှုံး


မြစ်ကြီးနား၊ မတ် ၂

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ကားအလှဆင်နှင့်ရေဆေးဆီလိုက်ဆိုင်ရှိ CCTVသုံးသည့် ပလပ်ခုံအပူလွန်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း(၃၀)ကျော်ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။

ဖြစ်စဉ်မှာ မတ် (၂) ရက်၊ နံနက် (၃)နာရီအချိန်က ယုဇနရပ်ကွက်ရှိ ဆိုင်ရှင် ဒေါ်မိမိခိုင် (M-13ကားအလှဆင်နှင့်ရေဆေးဆီလိုက် ) အဆောက်အအုံ အတွင်းရှိ CCTV သုံးသည့် ပလပ်ခုံအပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်း ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ကားအပိုပစည်းကူရှင် များသို့ ကူးစက်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး (၅၀×၁၅)ပေ၊ သွပ်မိုး၊ အုပ်ကာ၊ အုပ်ခင်း၊ အုပ်ညပ် (၁)ထပ် အဆောက်အအုံတစ်နှင့် ကားအပိုပစ္စည်းစုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် (၃,၆၀၀,၀၀၀ိ/)ခန့်ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေ(၄၅)ဦး၊ အရန်(၁၀)ဦး စုစုပေါင်း(၅၅)ဦး မီးငြိမ်းသတ်ယာဉ် (၇) စီး၊ မီးသတ်ရေသယ်ယာဉ် (၁)ဦး စုစုပေါင်း (၈)စီးဖြင့် ထွက်ခွာခဲ့ရာ(၃)နာရီ (၅၅)မိနစ်အချိန်တွင် စတင်မီးထန် ခဲ့ရာ (၄)နာရီ (၁၀) မိနစ်ခန့်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် ဆိုင်ရှင်ဒေါ်မိမိခိုင် (၄၆)နှစ် ကို မြစ်ကြီးနားမြို့၊ အမှတ်(၂)နယ်မြေရံစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

EPN
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
CCTVသုံးသည့် ပလပ်ခုံမှ မီးလောင်မှုဖြစ်၊ ကျပ်သိန်း(၃၀)ကျော်ခန့်ဆုံးရှုံး CCTVသုံးသည့် ပလပ်ခုံမှ မီးလောင်မှုဖြစ်၊ ကျပ်သိန်း(၃၀)ကျော်ခန့်ဆုံးရှုံး Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.