သီရိလင်္ကာ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်း


ဘာသာလူမျိုးပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့က အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းကြောင်း သမ္မတ ဆီရီဆိနာ က ကြေညာခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကစပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာပါ။ ပဋိပက္ခအတွင်း လူနှစ်ဦးသေဆုံးပြီး ရာနဲ့ချီတဲ့ မွတ်စလင်ပိုင်အိမ်တွေ၊ ဈေးဆိုင်တွေနဲ့ ဗလီ ၂၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

မွတ်စလင်တွေက သူတို့ဘာသာကို အတင်းအဓမ္မ သွတ်သွင်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကနေ စတင်ခဲ့တာလို့ သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သီရိလင်္ကာနိုင်ငံတွင်း ရောက်ရှိနေတာကိုလည်း သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဆန့်ကျင်နေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သီရိလင်္ကာ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်း သီရိလင်္ကာ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်း Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.